အင်္ဂလိပ်စာ ဘာသာပြန်နည်း
ကျနော့်ဆရာဦးမြကြိုင်က ပြောပါတယ်။ အင်္ဂလိပ်လိုရေးတဲ့ဝါကျတွေဟာ Basic Sentence 5 မျိုးထဲက မထွက်ပါဘူးတဲ့။ (1) Basic Sentence 5 မျိုး 1. S + V [S = Subject (ပြု/ဖြစ်/ရှိသူ//ကတ္တား၊ V = Verb (တြိယာ)] Sရှိမယ်၊ Vရှိမယ်ဆိုရင် ဝါကျတစ်ခု ရေးလို့ရတယ်။ ဥပမာ- 1.Ma Ma comes. (မမက S, comesကV) (မမသည် လာသည်။)လို့ အဓိပ္ပာယ်ကောက်ပါတယ်။ 2.Ko Ko looks. ကိုကိုက ကြည့်သည်။ (ကိုကိုသည်)အစား (ကိုကိုက)လို့ (က)နဲ့ပြောင်းကောက်ပါတယ်။ 3.Ma Ma smiles. မမမှာ ပြုံးသည်။ ဒီဝါကျမှာလည်း (မမသည်)အစား (မမမှာ)လို့ (မှာ)နဲ့ ပြောင်းကောက်ပါတယ်။ ဘာလို့ဆိုတော့ မြန်မာသဒ္ဒါမှာ ကတ္တားဝိဘတ်ရဲ့ သာဓကဟာ (သည်၊ က၊ မှာ)ဖြစ်လို့ပါ။ ကတ္တားဆိုတာ S(ပြုသူ/ဖြစ်သူ/ရှိသူ) မဟုတ်ပါလား။ ဒါ့ကြောင့် S ကို (သည်၊ က၊ မှာ)နဲ့ကောက်ပါ။ 2. S + V + C (C=Complement=ဖြည့်ဖက်) (1)ဝါကျအရ Sရှိမယ်၊ Vရှိမယ်ဆိုရင် ဝါကျတစ်ခုဖြစ်တယ်တဲ့။ ဒါဆိုရင် They are. They က S, are က V အဓိပ္ပာယ်ကောက်ကြည့်တော့ (သူတို့သည် ဖြစ်သည်။) ဘာဖြစ်မှန်းမသိ။ ဘာဖြစ်မှန်းသိအောင် တစ်ခုခုဖြည့်ပေးရမယ်။ ဒါကြောင့် They are နောက်မှာ readers, စာဖတ်သူများကို ထည့်လိုက်တယ်။ readersဟာ လိုလိ...
Comments
Post a Comment