Helping Verb4မျိုး
အင်္ဂလိပ်စာကို Verb တွေကနေ စလေ့လာရင် လွယ်ပါတယ်။Verb ကို စာသံပေသံနဲ့ပြောရင် **စားသည်။သွားသည်။** ပေါ့။ဒီတိုင်း စကားပြောပုံစံပြောရင် **စားတယ်။သွားတယ်။** ဖြစ်ပါတယ်။Verb ကို အပိုင်နားလည်/အပိုင်ရသွားရင် အင်္ဂလိပ်စာ တစ်ဝက်တတ်ပါပြီ။Verb မှာ Helping Verb(သို့) Auxiliary Verb လို့ခေါ်တဲ့ **အကူကြိယာ** ၄မျိုးရှိပါတယ်။အဲဒါတွေကတော့......
Helping Verb 4 မျိုး
---------------------
Present Past
Verb to Do do,does,eat did,ate
Verb to Be am,is,are was,were
Verb to Have have,has had
- - - - - - - - - - - - - - - - - - - - - - - - - -
Modal Verb Can Could
Shall Should
Will Would
May Might
Must/have to
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
ရှင်းပြမယ်နော။အင်္ဂလ်ိပ်စာမှာ
Subject (ပြုလုပ်သူ) ၊ ကတ္တား
Verb(ကြိယာ) ၊ ကြိယာ
Object(ပြုလုပ်ခြင်းကို ခံရသူ) ကံ
ဆိုပြီးရှိပါတယ်။အတိုမှတ်ထားပါ။ ( S V O ) ဆိုပြီးတော့ပေါ့။အဲဒီ S+V+O သိရင် စကားပြောလို့ရပြီ/စာရေးလို့ရပြီ။အောက်မှာ အသေးစိတ် ရှင်းပြထားတယ်။
Verb to Do ပြုလုပ်ဆောင်ရွက်ပုံကိုဖော်ပြ
--------------------------------------
Verb to Do ကို အခုပစ္စုပ္ပန်Present အတွက်ပြောမယ်ဆို Subject က အများ(I,we,you,they,students) ဖြစ်နေရင် do,eat,go,cook,buy,sleep ကို သုံးပြီး Subject က အနည်း(He,She,It,student) ဖြစ်နေရင် does,eats,goes, cooks, buys, sleeps ကိုသုံးပါတယ်။Subject က အနည်းဖြစ်နေရင် Verbမှာ *s* ထည့်ပြီးသုံးရပါတယ်။
did,ate,went,cooked,bought,slept တွေက V2 အတိတ် past tense ပါ။အတိတ် past tense ကျတော့ Subject အနည်းဖြစ်ဖြစ် အများဖြစ်ဖြစ် V2 အတိုင်းရေးရုံပါပဲ။ *s* ထည့်စရာမလိုပါဘူး။
I eat rice.(S+V to do+O) ငါထမင်းစားတယ်။(Subject အများ I ဖြစ်လို့Verb က ဒီတိုင်း V1ပဲ)
He eats rice.(S+V to do+O) သူထမင်းစားတယ်။
(Subject အနည်း He ဖြစ်လို့Verb က V1sပါ)
Past Tense အတိတ်နဲ့ကျတော့ Subjectအနည်းဖြစ်ဖြစ်အများဖြစ်ဖြစ် ဒီတိုင်း V2 ပဲ။
I ate rice. (S+V2+O) ငါထမင်းစားခဲ့တယ်။
He ate rice.(S+V2+O) သူထမင်းစားခဲ့တယ်။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
Verb to Be ( ဖြစ်ပျက်ပုံကို ဖော်ပြ)
----------------------------------
Verb to Be ကို အခုပစ္စုပ္ပန်Present အတွက်ပြောမယ်ဆို Subject က အများ(we,you,they,students) ဖြစ်နေရင် are ကို သုံးပြီး Subject က အနည်း ဖြစ်နေရင်(I က am) (he,she,it,a student က is) ကိုသုံးပါတယ်။
အတိတ် past tense ကျတော့ Subject အများ(we,you,they,students) အတွက်ဆို were ကို သုံးပြီး Subject အနည်း (I,He,She,It,a student) အတွက်ဆို was ကို သုံးပါတယ်။
We are eating rice.(S+V to be+O) ငါတို့ထမင်းစားနေတယ်။
Subject က အများ we ဖြစ်လို့are သုံးတယ်။
I am eating rice.(S+V to be+O) ငါထမင်းစားနေတယ်။
Subject က အနည်း I ဖြစ်လို့am သုံးတယ်။
Past Tense အတိတ်နဲ့ကျတော့ Subjectအနည်းဆိုရင် was ၊ Subject အများဆိုရင် were သုံးရပါတယ်။
We were eating rice.ငါတို့ထမင်းစားနေခဲ့တယ်။
I was eating rice.ငါထမင်းစားနေခဲ့တယ်။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
Verb to Have (ပိုင်ဆိုင်ပုံကို ဖော်ပြ)
----------------------------------
Verb to Have ကို အခုပစ္စုပ္ပန်Present အတွက်ပြောမယ်ဆို Subject က အများ(I,we,you,they,students) ဖြစ်နေရင် have ကို သုံးပြီး Subject က အနည်း(He,She,It,a student) ဖြစ်နေရင် has ကိုသုံးပါတယ်။
*had * က Verb to haveရဲ ့V2 အတိတ် past tense ပါ။အတိတ် past tense ကျတော့ Subject အနည်းဖြစ်ဖြစ် အများဖြစ်ဖြစ် *had* ကို ဒီအတိုင်းရေးရုံပါပဲ။
I have a car.(S+V to have+O) ငါ့မှာ ကားတစ်စီး ရှိတယ်။
Subject က အများ I ဖြစ်လို့have သုံးတယ်။
She has a car.(S+V to have+O) သူမမှာ ကားတစ်စီး ရှိတယ်။
Subjectက အနည်းSheဖြစ်လို့has သုံးတယ်။
Past Tense အတိတ်နဲ့ကျတော့ Subjectအနည်းဖြစ်ဖြစ် အများဖြစ်ဖြစ် ဒီတိုင်း had ပဲ။
I had a car. ငါ့မှာ ကားတစ်စီး ရှိခဲ့တယ်။
She had a car. သူမမှာ ကားတစ်စီး ရှိခဲ့တယ်။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
Modal Verb
-------------
Modal Verb Can(နိုင်သည်)
Could(နိုင်ခဲ့သည်)
Shall(လိမ့်မည်)
Should(သင့်သည်)
Will(လိမ့်မည်)
Would(ခဲ့လိမ့်မည်)
May(ဖြစ်နိုင်သည်)
Might (ဖြစ်ခဲ့နိုင်သည်)
Must/Have to(ရမည်/ရသည်)
Modal Verbတို့နဲ့ကျတော့ Subject အများ (I,we,you,they,students) ပဲဖြစ်ဖြစ် ၊ Subject အနည်း(He,She,It,a student) ပဲ ဖြစ်ဖြစ် ဒီတိုင်း ပုံသေ can,could,shall, should......etc ပဲ သုံးပါတယ်။
(ဥပမာပါ ကြည့်ပါ)
I can,She can
We can,it can
You must,she must
I should,it should
They could,he could
ဒီ Modal Verb Can,Could,Shall,Should .....etc စတာတွေရဲ ့နောက်မှာ (အမြဲတမ်းပုံသေ V1) ပဲ လိုက်တယ်ဆိုတာကိုလည်း မှတ်ထားပါအုံးနော်။ s လည်းမထည့်ရဘူး။V2 လည်း လိုက်လို့မရဘူး။ပုံသေ V1 ပဲ လိုက်တယ်။
ဥပမာ။ ။
I will go.ငါသွားလိမ့်မယ်။ (go က V1)
You should do.မင်းလုပ်သင့်တယ်။(do က V1)
She must eat.သူမ စားရမယ်။(eat က V1)
He may come.သူလာရင် လာနိုင်တယ်။(come က V1)
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
သင်ခန်းစာကတော့ ဒါလေးပါပဲ။အနှစ်ချုပ်ပြောပါမယ်။အောက်မှာပေးထားတဲ့ အချက် ၄ချက် ကို ရအောင် လုပ်ရင် သင်ခန်းစာ နောက်တစ်ဆင့် ထပ်တက်လို့ရပါပြီ။
Helping Verb 4 မျိုးရှိပါတယ်။
(1) Verb to do/be/have သုံးမျိုးလုံးရဲ ့present နဲ ့past အသုံးအနှုန်းကို လုံးဝကျွမ်းအောင် လေ့ကျင့်ပါ။
Present Past
Verb to Do do,does,eat did,eat
Verb to Be am,is,are was,were
Verb to Have have,has had
(2) I,we,you,they,students စတဲ့ Subject အများ ၊ He,she,it,student စတဲ့ Subject အနည်းတို့နဲ့(Verb to do/be/have)တွေမှာ တွဲသုံးပုံကို လုံးဝကျွမ်းအောင် လေ့ကျင့်ပါ။Verb to be မှာက ခြွင်းချက်အနေနဲ့I က အနည်းပါ။
We eat,they buy,I cut,students go,you know
She eats,he buys,he cuts,a student goes,he knows
We are,they are,you are
I am,she is,he is,it is
I have,we have,they have,you have
He has,she has,it has
(3) Modal Verb တွေဖြစ်တဲ့ can,could,shall,should.........စတာတွေရဲ ့မြန်မာလို အဓိပ္ပါယ်ကို သိအောင် ကျွမ်းနေအောင်လေ့ကျင့်ပါ။ဥပမာ should ဆိုရင် *သင့်တယ် * ။ must နဲ့have to ဆိုရင် *ရမယ်* ။အဲဒီ Modal Verb တွေရဲ ့နောက်မှာ ထာ၀ရ ပုံသေ ရိုးရိုးV1 ပဲလိုက်တယ် ဆိုတာကို မှတ်ထားပါ။
I will go.ငါသွားလိမ့်မယ်။ (will က Modal ၊ သူ့နောက်က go က V1)
You should do.မင်းလုပ်သင့်တယ်။(should က Modal ၊ သူ့နောက်က do က V1)
END
Comments
Post a Comment