ရေးနည်းပြောနည်း၆နည်း



ဒါတွေမရရင် အင်္ဂလိပ်စာ မရသေးပါ။အခြေခံ အရေးအကြီးဆုံးပါ။ရအောင်လေ့လာပါ။

ဒီရေးနည်း/ပြောနည်း ၆မျိုးဟာ အင်မတန်မှ အသုံးဝင်ပါတယ်။ဒီရေးနည်း/ပြောနည်း ၆မျိုးကိုကာလပြကြိယာ ၁၂မျိုး (12 Tenses) မှာသာ အသုံးပြုလို့ရတာမဟုတ်ပဲ အခြားဖော်မြ ူလာနဲ့ရေးထားတဲ့ ဝါကျများမှာလည်း ဒီရေးနည်း/ပြောနည်း ၆မျိုးကို အသုံးပြုနိုင်ပါတယ်။အခုတော့ ကာလပြကြိယာ ၁၂မျိုးထဲက သင်ပြီးခဲ့တဲ့ ၉မျိုးနဲ့ဥပမာပေး သင်ကြားသွားပါမယ်။ရေးနည်း/ပြောနည်း ၆မျိုးကတော့

(၁) အဟုတ် ပြောနည်း/ရေးနည်း
(၂) အငြင်း ပြောနည်း/ရေးနည်း
(၃) အပာုတ်မေးခွန်း ပြောနည်း/ရေးနည်း
(၄) အငြင်းမေးခွန်း ပြောနည်း/ရေးနည်း
(၅) အဟုတ်ပြော၊အငြင်းမေး ပြောနည်း/ရေးနည်း
(၆) အငြင်းပြော၊အဟုတ်မေး ပြောနည်း/ရေးနည်း

၁။ အဟုတ်ဆို ဒီအတိုင်းပဲ။
၂။ အငြင်းဆို Helping Verb တွေနောက် not လေးထည့်။
၃။ အဟုတ်မေးခွန်းဆို Helping Verb တွေကိုရှေ့ထုတ်။
၄။ အငြင်းမေးခွန်းဆို ရှေ ့ထုတ်ထားတဲ့ Helping Verb တွေမှာ not လေးထည့်ပြီးမေး။
အတိုပုံစံဆို Don't I ....Doesn't she...Haven't I.....etc.အရှည်ပုံစံဖြန့်ချင်ရင် Subject နောက် not ထည့်။Do I not? Does she not? Have I not?

နောက်ဆုံးနည်း ၂နည်းဖြစ်တဲ့ (၅ နဲ့၆) ကို Question Tags လို့ခေါ်ပါတယ်။Question Tags တွေရဲ ့မေးခွန်းက ဒုတိယမြောက်စာကြောင်းတွေပါ။အဲဒီ ဒုတိယမြောက်စာကြောင်းရဲ ့အမေးကိုပဲ နားထဲထည့်ပြီး Yes/No ဖြေပေးရမှာပါ။Question Tags တွေဟာ နေ့စဉ်စကားပြောရာမှာ တော်တော်အသုံးများလှပါတယ်။

☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️☑️

ရေးနည်း/ပြောနည်း ၆မျိုးကို Present Simple နည်းနဲ့စပြောပြမယ်နော်။ဒီလို။

She eats rice. သူမ ထမင်းစားတယ်။
She does not eat rice. သူမ ထမင်းမစားဘူး။
Does she eat rice? သူမ ထမင်းစားသလား?
Does she not eat rice? သူမ ထမင်းမစားဘူးလား?
She eats rice,doesn't she? သူမထမင်းစားတယ်လေ။မစားဘူးလား?
She doesn't eat rice,does she? သူမထမင်း မစားဘူးလေ။စားလို့လား?

(နည်း ၅။ မစားဘူးလား? ကိုနားထဲထည့်။ပြီးတော့ စားသလား မစားဘူးလားဆိုပြီးတော့စဉ်းစား။စားတယ်ဆို yes။မစားဘူးဆို no။)

(နည်း ၆။ စားလို့လား? ကိုနားထဲထည့်။ပြီးတော့ စားသလား မစားဘူးလားဆိုပြီးတော့စဉ်းစား။စားတယ်ဆို yes။မစားဘူးဆို no။)

Past Simple ..... Future Simple နည်းတို့နဲ့မိမိဖာသာမိမိ ပြန်ရေးကျင့်ပေါ့။

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔

ရေးနည်း/ပြောနည်း ၆မျိုးကို Present Progressive နည်းနဲ့ပြန်ပြောမယ်ဆိုရင် ဒီလိုပါ။

She is eating rice. သူမထမင်းစားနေတယ်။
She is not eating rice. သူမထမင်းမစားနေဘူး။
Is she eating rice? သူမထမင်းစားနေသလား။
Is she not eating rice? သူမထမင်းမစားနေဘူးလား?
She is eating rice,isn't she? သူမထမင်းစားနေတယ်လေ။မစားနေဘူးလား?
She is not eating rice,is she? သူမထမင်းမစားနေဘူးလေ။စားနေလို့လား?

(နည်း ၅။ မစားနေဘူးလား? ကိုနားထဲထည့်။ပြီးတော့ စားနေသလား မစားနေဘူးလားဆိုပြီးတော့စဉ်းစား။စားနေတယ်ဆို yes။မစားနေဘူးဆို no။)

(နည်း ၆။ စားနေလို့လား? ကိုနားထဲထည့်။ပြီးတော့ စားနေသလား မစားနေဘူးလားဆိုပြီးတော့စဉ်းစား။စားနေတယ်ဆို yes။မစားနေဘူးဆို no။)

Past Progressive ..... Future Progressive နည်းတို့နဲ့မိမိဖာသာမိမိ ပြန်ရေးကျင့်ပေါ့။

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔

ရေးနည်း/ပြောနည်း ၆မျိုးကို Present Perfect နည်းနဲ့ပြန်ပြောမယ်ဆိုရင် ဒီလိုပါ။

She has eaten rice. သူမထမင်းစားပြီးပြီ။
She has not eaten rice. သူမထမင်းမစားပြီးသေးဘူး။
Has she eaten rice? သူမ ထမင်းစားပြီးပြီလား?
Has she not eaten rice? သူမထမင်းမစားပြီးသေးဘူးလား?
She has eaten rice,hasn't she? သူမထမင်းစားပြီးပြီလေ။မစားပြီးသေးဘူးလား?
She has not eaten rice,has she? သူမထမင်းမစားပြီးသေးဘူးလေ။စားပြီးလို့လား?

(နည်း ၅။ မစားပြီးသေးဘူးလား? ကိုနားထဲထည့်။ပြီးတော့ စားပြီးပြီလား မစားပြီးသေးဘူးလားဆိုပြီးတော့စဉ်းစား။စားပြီးပြီဆို yes။မစားပြီးသေးဘူးဆို no။)

(နည်း ၆။ စားပြီးလို့လား? ကိုနားထဲထည့်။ပြီးတော့ စားပြီးပြီလား မစားပြီးသေးဘူးလားဆိုပြီးတော့စဉ်းစား။စားပြီးပြီဆို yes။မစားပြီးသေးဘူးဆို no။)

Past Perfect ..... Future Perfect နည်းတို့နဲ့မိမိဖာသာမိမိ ပြန်ရေးကျင့်ပေါ့။

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔

12 Tenses ထဲမှာမပါတဲ့ အခြား ဖော်မြူလာနဲ့လည်း ရေးနည်း/ပြောနည်း ၆မျိုးကို သုံးလို့ရကြောင်း အထက်မှာ ပြောခဲ့ပါတယ်။တစ်ခု ဥပမာရေးပြပါ့မယ်။(S + Verb to be + Adj) နည်းလေးနဲ့ပေါ့။

They are good. သူတို့ကောင်းတယ်။
They are not good. သူတို့မကောင်းဘူး။
Are they good? သူတို့ကောင်းသလား?
Are they not good? သူတို့မကောင်းဘူးလား?
They are good,aren't they? သူတို့ကောင်းတယ်လေ။မကောင်းဘူးလား?
They are not good,are they? သူတို့မကောင်းဘူးလေ။ကောင်းလို့လား?

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔

Question Tag အတွက် အသုံးများ
--------------------------------

အဟုတ်အတွက် အငြင်းအတွက်
........................            ........................

Am I ?                                 Aren't I?
Would you?                       Wouldn't you?
Can I?                                 Can't I?
Is she?                                Isn't she?
Did he?                               Didn't he?
Have they?                         Haven't they?
Has she?                            Hasn't she?
Are they?                            Aren't they?
Shall I?                                Shan't i?
Do you?                              Don't you?
Does she?                          Doesn't she?
Will they?                            Won't they?

သင်ခန်းစာလေးကတော့ ဒီလောက်ပါပဲ။ပညာပြည့်ဝနှလုံးလှပြီး ကြီးပွားတိုးတက်ကြပါစေ။



ဥာဏ်ပညာကို ရှာ၍ ရသောသူသည် မင်္ဂလာရှိ၏။အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်း သည် ငွေကုန်သွယ်ခြင်း ထက် သာ၍ ကောင်း၏။ ပညာ ကုန်သွယ်၍ ရသော  အမြတ်လည်း ရွှေစင်ထက် သာ၍ ကောင်း၏။ပညာသည် ပတ္တမြားထက်သာ၍  အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသော  အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ 


Comments

Popular posts from this blog

အင်္ဂလိပ်စာ ဘာသာပြန်နည်း

Grammar (၂၃) မျိုးကို ကဗျာရွတ်ပြီး လေ့လာကြမယ်

“နေ့စဉ်သုံး အခြေခံအင်္ဂလိပ်စကားပြော (300 ) ”