အင်္ဂလိပ်စကားပြော ၄၀၀



ဆရာဒေါက်တာစိုးသန်း၏ Speaking တွင် အလွန်အပြောများသော ဝါကျတိုလေးများ ၄၀၀။ရအောင်ကျက်ထားပါ။

1. Talk the talk and walk the walk.
ပြောလည်းပြော၊ ပြီးရင် ပြောတဲ့အတိုင်းလည်းလုပ်ပေါ့။

2. The politician talks the talks, but he doesn't walk the walk.
နိုင်ငံရေးသမားဟာ အပြောပဲရှိတာ တကယ်လက်တွေ့မလုပ်။

3. It serves him right.
ဒီကောင် အဲလို ထိမှကောင်းတယ်။ (သူနဲ့ထိုက်တန်တယ် ခံရပစေ)

4. Take it with a pinch of salt.
နဲနဲချင့်ချိန်ပြီးမှ ယုံပေါ့။

5. Take what he said with a pinch of salt.
သူပြောတာကို ချင့်ယုံပါ။
(ပိုပြောတတ်တဲ့ အကျင့်ရှိလို့)

6. Let me cut to the chase.
သွယ်ဝိုက်မနေဘဲ တည့်တည့်ပဲ ပြောတော့မယ်။

7. Has the cat got your tongue?
(Cat got your tongue?)
မင်းဘာမှမပြောနိုင်တော့ဘူးလား။
ပြောအုံးလေ။ ဘာကြောင့်နှုပ်ပိတ်နေရတာလဲ။

8. A penny for your thoughts?
တိတ်လှချည်လား။ ဘာတွေစဉ်းစားနေတာလဲ။

9. Are you sure?
I am positive.
မင်းသေချာရဲ့လား။
သိပ်သေချာတာပေါ့။

10. I will do it right away.
အဲဒါကို ခုချက်ချင်းပဲ လုပ်လိုက်ပါ့မယ်။

11. Don't while away your time.
အချိန်တွေကို ဟိုလိုလို ဒီလိုလိုနဲ့ မဖြုန်းတီးပါနဲ့။

12. Stop fooling around.
ရူးတူးတူးပေါတောတောလုပ်နေတာ ရပ်တော့။

13. We had a whale of a time on the trip.
ခရီးထွက်တာ အရမ်းကိုပျော်ခဲ့ကြတယ်။

14. He is in a good mood.
သူ စိတ်ကောင်းဝင်နေတယ်။

15. He is in a mood. 😊 He is in a bad mood.)
သူ စိတ်ဆိုးနေတယ်။ ရာသီဥတုသိပ်မကောင်းဘူး။

16. Blame it on me.
ငါ့ကြောင့်လို့သာ အပြစ်ပုံချလိုက်ပါ။

17. He didn't recognize me.
သူ ငါ့ကိုတွေ့တော့ မမှတ်မိဘူး။

18. Have you been keeping busy?
အလုပ်တွေများနေတာလား။

19. You got me there. (I don't know.)
ငါမသိဘူး။

20. Nose to the grindstone.
အလုပ်ကြိုးစားပြီးဆက်လုပ်လိုက်ကြရအောင်။

21. All work and no play!
တချိန်လုံးအလုပ်ပဲလုပ်နေရ အပန်းဖြေချိန်မရ။

22. Thank heavens it's Friday.
သောကြာနေ့မို့ တော်သေးတာပေါ့။

23. That's one job I wouldn't do.
ဒါမျိုးအလုပ်တော့ ဘယ်သူလာခိုင်းခိုင်းမလုပ်ဘူး။

24. The gloves are off now.
(လက်ဝှေ့အိတ်တွေချွတ်လိုက်ပြီ) တကယ်ကို အသေဆော်နေကြပြီ။

25. That sounds awesome.
ခု ပြောလိုက်တာလေး အရမ်းကောင်းပါတယ်။

26. Rumor has it that he was fired.
သူ အလုပ်ပြုတ်သွားတယ်လို့ (ကောလဟာလ) ပြောကြတာပဲ။

27. That's just hearsay.
မယုံပါနဲ့။ ကောလဟာလတွေပါ။

28. Don't get me wrong.
ငါ့ကို တလွဲမထင်ပါနဲ့။

29. What nonsense!
ပေါက်ကရတွေ။

30. What a ridiculous idea!
ကြံကြံဖန်ဖန် မဖြစ်နိုင်တာကွာ။

31. The phone is ringing. Answer it.
ဖုန်းလာနေတယ်။ ကိုင်လိုက်ပါ။

32. Please don't hang up on me.
ငါပြောလို့မပြီးသေးခင် ဖုန်းမချသွားပါနဲ့။

33. You can't force me to do it.
မင်း ငါ့ကို အတင်းအကြပ်ခိုင်းလို့မရဘူး။

34. I think he's got the message.
ငါတို့ ဘာဆိုလိုတယ်/ဘာပြောချင်တယ်ဆိုတာ သူသိသွားလောက်ပြီ။ အရိပ်အရောင်ပြနေတာ သဘောပေါက်သွားပြီ။

35. My point, exactly.
ကျွန်တော်ဆိုလိုတာ/ပြောချင်တာ အဲဒါအတိအကျပဲ။

36. Why is he so thick?
ဒီကောင်ထူပိန်းလိုက်တာ

37. You must come to our wedding.
I won't take 'no' for an answer.
တို့မင်္ဂလာဆောင် မင်းလာရမယ်နော်။
လုံးဝ ငြင်းလို့မရဘူး။

38. Been there, done that.
(I have been there, done that.)
ဒါမျိုးတွေလုပ်ဖူးလို့ ရိုးနေပြီ။
ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူးပြီ၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးပြီ။

39. You and I (We) have been together through thick and thin.
မင်းနဲ့ငါ အေးအတူ ပူအမျှ နေခဲ့ကြတာ။

40. I hate fair-weather friends.
သာပေါင်း ညာစား တွေကိုမုန်းတယ်။

41. The plot thickens.
ဇာတ်ရှိန်မြင့်လာပြီ။ (ပိုရှုပ်ထွေး၊ ခက်ခဲနက်နဲလာပြီ)

42. It's anybody's guess.
အဖြေကို ဘယ်သူမှ သေသေချာချာ မသိနိုင်ပါ။

43. Just go with the crowd.
အများမိုးခါးရေသောက် သလို၊ အများလုပ်သလို လုပ်။

44. It's music to my ears.
နားဝင်ပီယံရှိလိုက်တာ။ ကြားချင်နေတဲ့ သာယာတဲ့ သတင်းစကားလေး။

45. Be cool and calm.
စိတ်အေးအေးချမ်းချမ်းထားပါ။

46. Don't lose your temper.
ဒေါသမထွက်မိစေနဲ့။

47. What a coincidence!
တိုက်ဆိုင်လိုက်တာ။

48. I can read your mind.
မင်းစိတ်ထဲမှာ ဘာရှိတယ်၊ ဘာစဉ်းစားနေတယ်ဆိုတာ ငါသိတယ်။
You can read my mind.
ငါဘာတွေးနေတယ်ဆိုတာ မင်းသိတယ်။

49. I'll be back soon.
ခဏလေးနေရင် ပြန်လာခဲ့မှာပါ။

50. Don't take anything for granted.
ဘာမှတော့ အပိုင်မတွက်ထားနဲ့။

၅၁။ So far, so good.
ခုထိတော့ အားလုံးကောင်းပါတယ်။

၅၂။ Things didn't turn out as expected.
ထင်ထားသလိုတွေဖြစ်မလာဘူး။

၅၃။ Life is full of surprises.
ဘဝမှာ အံ့အားသင့်စရာတွေများသား။

၅၄။ Let me give you a hand.
ငါမင်းကို ကူညီပါရစေ။

၅၅။ Many hands make light work.
အားလုံးဝိုင်းလုပ်လိုက်ကြတော့လွယ်ကူစွာအလုပ်ပြီးတာပေါ့။

၅၆။ I was reluctant to ask for your help.
အကူအညီတောင်းဖို့ အားနာနေတာ။

၅၇။ They two are like chalk and cheese.
ဆီနဲ့ရေလိုကွာတယ်။ ဘယ်လိုမှမတူ။

၅၈။ I have very little time.
အချိန်နဲနဲပဲရတယ်။

၅၉။ It's not the decision I take lightly.
လွယ်လွယ်နဲ့ချတဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။

၆၀။ The secret is out.
လှို့ဝှက်ချက်ပေါက်ကြားသွားပြီ။

၆၁။ You can't trust him.
မင်းသူ့ကိုယုံလို့မရဘူး။

၆၂။ We can depend on him to do a good job.
သူကောင်းကောင်းလုပ်မှာ စိတ်ချရပါတယ်။

၆၃။ Please try to be punctual.
အချိန်မှန်အောင်ကြိုးစားပါ။

၆၄။ You are insulting me.
မင်းငါ့ကိုစော်ကားနေတာ။

၆၅။ It is insulting to womenfolk.
ဒါအမျိုးသမီးထုကိုစော်ကားလိုက်တာ။

၆၆။ That guy is a lazybones.
အဲဒီလူဟာ ငပျင်း။

၆၇။ I want to apologize to you.
ငါမင်းကို တောင်းပန်ချင်လို့ပါ။

၆၈။ What you said is absolutely right.
မင်းပြောတာလုံးဝမှန်တယ်။

၆၉။ I couldn't agree with you more.
မင်းပြောတာငါလုံးဝသဘောတူတယ်။

၇၀။ Please ask if you don't understand.
နားမလည်ရင်မေးပါ။

၇၁။ Are you coming with me?
မင်း ငါနဲ့လိုက်မှာလား။

၇၂။ Are we there yet?
မရောက်သေးဘူးလား။
(အခုသွားနေတဲ့နေရာကို မရောက်သေးဘူးလား)

၇၃။ I'll do it as soon as possible.
ဖြစ်နိုင်သမျှအမြန်ဆုံး လုပ်လိုက်ပါ့မယ်။

၇၄။ I will call you tomorrow.
မင်းကို မနက်ဖြန်ဖုံးဆက်လိုက်မယ်။

၇၅။ I don't get you.
မင်းဘာပြောချင်တာလဲ။ ငါနားမလည်ဘူး။

၇၆။ He is on his way.
သူဒီကိုလာနေပါပြီ။ အခုလမ်းမှာ လာနေပြီ။

၇၇။ I feel much better.
နေလို့ပိုကောင်းသွားပြီ။

၇၈။ I am used to it now.
ခုတော့လည်း ကျင့်သားရသွားပါပြီ။

၇၉။ I am having fun here.
ဒီမှာ ပျော်နေတာ။

၈၀။ It's not worth it.
မတန်ပါဘူးကွာ။

၈၁။ It's your turn now.
အခု မင်းအလှည့်။

၈၂။ It's too obvious.
သိသာလွန်းပါတယ်။

၈၃။ Slow down!
ဖြေးဖြေး (မောင်း၊ ပြော၊ သွား)

၈၄။ Think about it.
အဲဒါကိုစဉ်းစားကြည့်ပါ။

၈၅။ What is he talking about?
သူဘာတွေပြောနေတာလဲ။

၈၆။ You look tired.
မင်းပင်ပန်းနေပုံရတယ်။

၈၇။ You're lying.
မင်းလိမ်ပြောနေတာ။

၈၈။ Must you go now?
သွားတော့မလို့လား။

၈၉။ Are you surprised to see me?
ငါ့ကိုတွေ့တာအံ့သြသွားလား။

၉၀။ I've heard a lot about you.
မင်းအကြောင်းတော်တော်ကြားထားပြီးသားပါ။

၉၁။ Please convey my regards to your parents.
မင်းမိဘတွေကို ငါသတိရ သတင်းမေးကြောင်းပြောပေးပါ။

၉၂။ It's been a long time since we last met.
မင်းနဲ့ငါ မတွေ့တာတော်တော်ကြာပြီ။

၉၃။ I won't be able to come.
ငါ လာနိုင်မှာမဟုတ်ဘူး။

၉၄။ It can't be arranged.
အဲဒါကို စီစဉ်လို့မရဘူး။

၉၅။ Will you do me a favour?
တစ်ခုလောက် ကူညီပါလား။

၉၆။ Could I ask you to move a little?
နဲနဲဘေးကိုဖယ်ပေးပါလား။

၉၇။ I'll keep my word.
ငါပြောတဲ့ ကတိတည်ပါတယ်။

၉၈။ Give me a break.
အေးအေးဆေးဆေးနေပါရစေကွာ။

၉၉။ He likes to keep to himself.
သူ့ဖာသာတစ်ယောက်တည်း သီးသန့်နေချင်တာ။

၁၀၀။ He is a man of few words.
သူက စကားနည်းတယ်။

၁၀၁။ We agree to disagree.
တို့တွေ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတယ်။

၁၀၂။ Keep the house clean, please.
အိမ်ကို သန့်ရှင်းနေပါစေ။

၁၀၃။ Don't litter in the street.
လမ်းမှာ အမှိုက်မပြစ်ပါနဲ့။

၁၀၄။ Put the garbage in the bin.
အမှိုက်ကို အမှိုက်ပုံးထဲထည့်ပါ။

၁၀၅။ Cross the road from zebra crossing.
လမ်းကူးရင် မျဉ်းကျားမှကူးပါ။

၁၀၆။ Don't be jealous.
မနာလို မဖြစ်နဲ့။

၁၀၇။ I'm content with my life.
ကိုယ့်ဘဝကိုတင်းတိမ်ရောင့်ရဲပါတယ်။

၁၀၈။ Work while you work, and play while you play.
လုပ်တဲ့အချိန်မှာသေသေချာချာလုပ်၊ အားလပ်ချိန်မှာလည်းအပြတ်ဆော့။

၁၀၉။ Work hard and play hard.
အထက်ကအဓိပ္ပါယ်အတိုင်း။

၁၁၀။ He can't take hints.
အရိပ်ပြလို့အကောင်မမြင်သူ။

၁၁၁။ Heavy smoking kills.
ဆေးလိပ်အလွန်သောက်ရင်သေလိမ့်မယ်။

၁၁၂။ Crime never pays.
ရာဇဝတ်ဘေးပြေးမလွတ်ပါဘူး။

၁၁၃။ It never pays to tell a lie.
လိမ်ပြောတာ ဘယ်တော့မှမကောင်း။

၁၁၄။ She's a gold digger.
သူဟာ ငွေမက်တဲ့မိန်းမ (သိုက်တူးတဲ့သူ)

၁၁၅။ We can't go on like this.
တို့ ဒီလိုကြီး ဆက်စခန်းသွားလို့မဖြစ်ဘူး။

၁၁၆။ Don't talk back to your parents.
မိဘတွေကို ပြန်မပြောပါနဲ့။

၁၁၇။ The sky's the limit.
ရည်ရွယ်ချက်ကြီးကြီးနဲ့ ထိပ်ဆုံးရောက်အောင်ကြိုးစား။

၁၁၈။ It's better to forgive and forget.
ခွင့်လွှတ်ပြီး မေ့ပြစ်လိုက်တာ ပိုကောင်းတယ်။

၁၁၉။ They had an argument.
သူတို့ စကားများထားကြတယ်။

၁၂၀။ They are not on speaking terms.
သူတို့မခေါ်ကြတော့ဘူး။ စကားမပြောကြတော့ဘူး။

၁၂၁။ It took me one hour to get here.
ငါဒီကိုလာတာ တစ်နာရီကြာတယ်။

၁၂၂။ The traffic was really bad.
ကားလမ်းတွေ အရမ်းပိတ်နေလို့။

၁၂၃။ Please stand in line.
တန်းစီပါ။

၁၂၄။ Don't jump the queue.
တန်းစီနေတုန်း ကြားမဖြတ်ပါနဲ့။

၁၂၅။ The lift is broken.
(The lift is not working.)
ဓာတ်လှေခါး ပျက်နေတယ်။

၁၂၆။ He is on leave today.
သူဒီနေ့ ရုံးက ခွင့်ယူထားတယ်။

၁၂၇။ Don't waste your breath.
မင်းလေကုန်ခံပြီး ပြောမနေနဲ့။

၁၂၈။ I hate bribery.
လာဘ်ပေးလာဘ်ယူ လုပ်တာကိုမုန်းတယ်။

၁၂၉။ They expect some tea money.
သူတို့က လ္ဘက်ရည်ဖိုး မျှော်နေကြတာ။
(လာဘ်ထိုးသည့်ငွေ)

၁၃၀။ I am feeling a bit under the weather.
သိပ်နေလို့မကောင်းဘူး။ (ဖျားချင်သလိုလိုဖြစ်နေတယ်)

၁၃၁။ He is Jack of all trades.
သူဟာ ဟိုစပ်စပ်ဒီစပ်စပ်တော့ အကုန်သိတယ် (ဘာမှတော့ တကယ်မတတ်ဘူး)
Jack of all trades and master of none. ဆိုတဲ့ဆိုရိုးစကားကိုမှတ်ပါ။

၁၃၂။ He looks scared.
သူ့ကြည့်ရတာ ကြောက်နေပုံပဲ။

၁၃၃။ Please behave yourself.
လိမ်လိမ်မာမာနေပါ။

၁၃၄။ There you go again.
မင်းကတော့ လုပ်ချလိုက်ပြန်ပြီ။

၁၃၅။ Can you please forgive me?
ငါ့ကို ခွင့်လွှတ်ပါကွာ။

၁၃၆။ I promise I won't do it again.
နောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်။

၁၃၇။ I won't do anything against your will.
မင်းရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါဘာမှမလုပ်ပါဘူး။

၁၃၈။ The baby is so cute.
ခလေးကချစ်စရာလေး။

၁၃၉။ I am sorry the house is in a mess.
အိမ်ကရှုပ်ပွနေလို့ တောင်းပန်ပါတယ်။

၁၄၀။ Don't give up easily.
လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့။

၁၄၁။ Don't worry. Things will be just fine.
မပူပါနဲ့။ အားလုံးကောင်းသွားမှာပါ။

၁၄၂။ It's the best food I've ever eaten.
စားဘူးသမျှအစားအစာထဲမှာ ဒါအကောင်းဆုံး။

၁၄၃။ English is not our mother tongue.
အင်္ဂလိပ်စာ ဟာ ငါတို့ရဲ့မိခင်ဘာသာစကားမဟုတ်ဘူး။

၁၄၄။ English is an international language.
အင်္ဂလိပ်စာဟာ ကမ္ဘာသုံး ဘာသာစကားပါ။

၁၄၅။ What you've done is a shameful thing.
မင်းလုပ်လိုက်တာ ရှက်ဖို့ကောင်းတယ်။

၁၄၆။ He's not interested in work.
သူဟာ အလုပ်ကို စိတ်မဝင်စားဘူး။

၁၄၇။ He lost his job.
သူ အလုပ်ပြုတ်သွားတယ်။

၁၄၈။ He was fired.
သူ့ကို အလုပ်ကထုတ်လိုက်တယ်။

၁၄၉။ C'est la vie.
ဘဝဆိုတာဒီလိုပါပဲ။ (ဆေး လာ ဗီး...ဟုအသံထွက်ပါ)

၁၅၀။ I'll do it by all means.
ငါ ဒါကို မဖြစ် ဖြစ်တဲ့နည်းနဲ့လုပ်မယ်။

၁၅၁။ The teacher scolded the students.
ဆရာက ကျောင်းသားတွေကို ဆူတယ်။

၁၅၂။ I am not responsible for this work.
ဒီအလုပ်ဟာ ငါ့တာဝန်မဟုတ်ဘူး။

၁၅၃။ We're proud of your achievements.
မင်းရဲ့အောင်မြင်မှုတွေအတွက် တို့ဂုဏ်ယူပါတယ်။

၁၅၄။ Pay attention to your driving.
ကားကို အာရုံစိုက်မောင်းပါ။

၁၅၅။ Just concentrate on your studies.
ကိုယ့်စာကိုသာ အာရုံစိုက်ပါ။

၁၅၆။ She was so thrilled to see her old friends.
မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရတာ သူအရမ်းပျော်ရွှင်စိတ်လှုပ်ရှားတယ်။

၁၅၇။ My health isn't as good as before.
ငါ့ကျန်းမာရေးက အရင်လောက်မကောင်းတော့ဘူး။

၁၅၈။ I need to take a day off.
ငါ တရက်လောက်အလုပ်မှ အနားယူဖို့လိုတယ်။

၁၅၉။ Children in Singapore are multi-lingual.
စင်္ကာပူက ခလေးတွေဟာ ဘာသာစကားများစွာပြောနိုင်ကြတယ်။

၁၆၀။ We received a pay raise.
ငါတို့ အလုပ်မှာ လစာတိုးတယ်။

၁၆၁။ Any news?
ဘာသတင်းထူးသလဲ။

၁၆၂။ No news is good news.
တိတ်နေတယ် ဘာသတင်းသံမှ မကြားရတာ အားလုံး OK နေလို့ဖြစ်မယ်။

၁၆၃။ Don't mess with him.
သူနဲ့သွားမငြိစေနဲ့ / သူ့ကိုရန်သွားမစနဲ့။

၁၆၄။ He knows Judo.
သူ ဂျုဒိုတတ်တယ်။

၁၆၅။ He is itching for a fight.
သူရန်လိုနေတယ် (ဆော်ချင်တာ လက်ကိုယားနေတယ်)
(itch ယားသည်)

၁၆၆။ He was hospitalized last night.
သူ့ကို မနေ့ညက ဆေးရုံတင်လိုက်ရတယ်။

၁၆၇။ He will be discharged from the hospital tomorrow.
သူ မနက်ဖြန် ဆေးရုံက ဆင်းရမယ်။

၁၆၈။ You need to speed up.
မင်းအရှိန်နဲနဲမြှင့်ဖို့လိုတယ်/ ပိုပြီးမြန်မြန်လုပ်ပါ။

၁၆၉။ I can't catch up with you.
မင်းကို ငါမှီအောင်မလိုက်နိုင်ဘူး။

၁၇၀။ The referee was not fair.
ဒိုင်လူကြီး မတရားဘူး။

၁၇၁။ The judge was biased.
တရားသူုကြီးဟာ ဘက်လိုက်တယ်။

၁၇၂။ All is fair in love and war.
အချစ် နဲ့ စစ်မှာ မတရားတာမရှိဘူး။

၁၇၃။ Is everything OK?
အားလုံး OK ရဲ့လား။

၁၇၄။ Everything is under control.
အားလုံးတည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါ။

၁၇၅။ He is a big eater.
သူအစားကြီးတယ်။

၁၇၆။ I need to see a doctor.
ငါ ဆရာဝန်ပြဖို့လိုပြီ။

၁၇၇။ He is recovering now.
သူ အခုနေကောင်းလာပြီ/ သက်သာလာပြီ။

၁၇၈။ Did anyone come when I was out?
ငါအပြင်သွားနေတုန်း ဘယ်သူလာသေးလဲ။

၁၇၉။ Shall we break for lunch?
မနက်စာစားဖို့ ခဏနားကြရအောင်။

၁၈၀။ How often in a week do you work out?
တစ်ပတ်မှာ ဘယ်နှစ်ခါလောက် လေ့ကျင့်ခန်းလုပ်သလဲ။

၁၈၁။ He is fit and firm.
သူဟာ တောင့်တောင့်တင်းတင်းရှိတယ်။

၁၈၃။ They are limbering up before the run.
သူတို့ မပြေးခင် အကြောလျှော့နေကြတယ်။

၁၈၄။ How do you spend your free time?
မင်းအားချိန်မှာဘာတွေလုပ်သလဲ။

၁၈၅။ He drinks like a fish.
သူ အရက်တော်တော်သောက်နိုင်တယ်။

၁၈၆။ My dad is a teetotaller.
ငါ့အဖေက အရက်လုံးဝမသောက်သူ။

၁၈၇။ You should quit drinking.
မင်း အရက်ဖြတ်သင့်တယ်။

၁၈၈။ I am a beer person.
ငါက ဘီယာပဲ သောက်တတ်သူ။

၁၈၉။ Promises! Promises!
ကတိတွေ ကတိတွေ (ပြောပေါင်းများလို့ ရိုးနေပြီ။ မင်းကတိတွေကို မယုံတော့ဘူး)

၁၉၀။ He is in the shower now.
သူ ရေချိုးနေတယ်။

၁၉၁။ I haven't seen you for ages.
မင်းနဲ့မတွေ့ရတာ ကြာလှရောပေါ့။

၁၉၂။ Where have you been?
မင်းဘယ်ပျောက်နေတာလဲ။

၁၉၃။ I hate to do the dishes.
ပုဂံတွေဆေးရမှာတော့ မလုပ်ချင်ဘူး။

၁၉၄။ I want to get it off my chest.
(အဲဒီပြသနာလေး စိတ်ထဲမှာခံစားနေရတာလေး) ကိုရင်ဖွင့်ချလိုက်ချင်တယ်။

၁၉၅။ He has had too much to drink.
သူအရက်သောက်တာ တော်တော်များသွားပြီ။

၁၉၆။ He is having a hangover.
သူ အရက်နာကျနေလေရဲ့။

၁၉၇။ He looks older than his age.
သူ ရုပ်ရင့်တယ်နော် (အသက်ရှိတာထက်ကြီးတယ်ထင်ရ)

၁၉၈။ She looks younger than her age.
သူ အရွယ်တင်တယ်။

၁၉၉။ She is photogenic.
သူ ဓာတ်ပုံစားတယ် (ပုံထဲမှာပိုလှ)

၂၀၀။ The toilet is occupied.
အိမ်သာထဲမှာ လူရှိတယ်။

၂၀၁။ Sorry to disturb you when you're busy.
မင်းအလုပ်များနေတုန်း နှောင့်ယှက်ရတာ အားနာတယ်။

၂၀၂။ Please hear me out.
ငါပြောတာကိုလည်း ဆုံးအောင်နားထောင်ပါအုံး။

၂၀၃။ Please don't interrupt when I'm talking.
ငါစကားပြောနေတုန်း ဖြတ်မပြောပါနဲ့။

၂၀၄။ Can you speak up?
နဲနဲကြယ်ကြယ်ပြောပါ (မကြားရလို့)

၂၀၅။ It's too good to be true.
(ကြားရတဲ့သတင်းက) ကောင်းလွန်းလို့ဟုတ်ပါ့မလား။

၂၀၆။ I need to recharge my phone.
ဖုန်းအားသွင်းဖို့လိုနေတယ်။

၂၀၇။ The car is out of gas.
ကားမှာ ဆီကုန်သွားပြီ။

၂၀၈။ I don't compete with anyone.
ငါ ဘယ်သူနဲ့မှ မပြိုင်ဆိုင်ပါဘူး။

၂၀၉။ Grasp all, lose all.
လောဘကြီးလွန်းရင် ဘာမှမရ။

၂၁၀။ We should postpone the meeting.
အစည်းအဝေးကို အချိန်နောက်ဆုတ်သင့်တယ်။

၂၁၁။ Can we reschdule the appointment?
ချိန်းထားတဲ့ အချိန်ဇယားလေး ပြန်ပြင်လို့ရမလား။

၂၁၂။ She is a bookworm.
သူဟာ စာဂျပိုး။

၂၁၃။ He is an avid Facebook user.
သူဟာ Facebook အရမ်းသုံးတဲ့သူ။

၂၁၄။ You need to calm down.
စိတ်လျှော့ပါ။ ဒေါသမထွက်ပါနဲ့။

၂၁၅။ Keep your cool.
စိတ်ထိန်းပါ။ ဒေါသမပြနဲ့။

၂၁၆။ I almost lost my temper.
ငါ ဒေါသထွက်ဖို့ သီသီလေးလိုတယ်။ (စိတ်ကိုအချိန်မှီထိန်းလိုက်နိုင်)

၂၁၇။ Don't lose your temper while driving.
ကားမောင်းနေတုန်း ဒေါသမထွက်နဲ့။

၂၁၈။ She's good-tempered.
သူဟာ စိတ်ကောင်းရှိတယ်။

၂၁၉။ He's bad-tempered when he's hungry.
သူဟာ ဗိုက်ဆာပြီဆိုရင် ဒေါသထွက်တတ်တယ်။
၂၂၀။ Would I lie to you?
မင်းကို ငါ လိမ်ပြောပါ့မလား။

၂၂၁။ How is the business?
စီးပွားရေးဘယ်လိုနေလဲ။

၂၂၂။ Not too bad.
သိပ်မဆိုးပါဘူး။

၂၂၃။ Treat everyone equally.
လူတိုင်းကို သာတူညီမျှဆက်ဆံပါ။

၂၂၄။ Keep quiet in the library.
စာကြည့်တိုက်ထဲမှာတိတ်တိတ်နေပါ။

၂၂၅။ No one is above the law.
ဥပဒေရဲ့ အထက်မှာ မည်သူမျှမရှိ။

၂၂၆။ I abide by the law.
ငါ ဥပဒေကိုလိုက်နာပါတယ်။

၂၂၇။ It is against the law.
ဒါဟာ ဥပဒေနဲ့ဆန့်ကျင်နေတယ်။

၂၂၈။ Things are looking up.
အခြေအနေတွေပိုကောင်းလာပါပြီ။

၂၂၉။ I get tired of eating the same food every day.
နေ့တိုင်းဒါပဲစားရတာ ငြီးငွေ့လာပြီ။

၂၃၀။ What should I do next?
ငါ ဘာဆကျလုပျရမလဲ။

၂၃၁။ If I were in your place, I wouldn't do so.
ငါသာမင်းနေရာမှာဆို အဲဒီလိုလုပ်မှာမဟုတ်ဘူး။

၂၃၂။ He is a bright student.
သူဟာစာတော်တဲ့ကျောင်းသား။

၂၃၃။ He is a slow learner.
သူ စာသိပ်မလိုက်နိုင်ဘူး။

၂၃၄။ Strong tea keeps me awake.
လ္ဘက်ရည်ကျကျသောက်ရင် အိပ်မပျော်ဘူး။

၂၃၅။ This tea is too sweet to drink.
ဒီလ္ဘက်ရည်ကလည်းသောက်ရမှာချိုလွန်းလိုက်တာ။

၂၃၆။ I prefer tea to coffee.
ကော်ဖီထက် လ္ဘက်ရည်ကိုပိုကြိုက်တယ်။

၂၃၇။ I prefer Chinese food to Japanese food.
ဂျပန်စာထက် တရုပ်အစားအစာကိုပိုကြိုက်တယ်။

၂၃၈။ The restaurant was packed with people.
စားသောက်ဆိုင်က လူပြည့်ကြပ်နေတယ်။

၂၃၉။ The food was yummy, but it's a bit pricy.
အစားအသောက်ကောင်းပေမယ့် စျေးနဲနဲများတယ်။

၂၄၀။ Thai food is quite spicy.
ထိုင်းစာဟာ စပ်တယ်။

၂၄၁။ I have spent all of the money.
ငါပိုက်ဆံတွေ အကုန်သုံးလိုက်ပြီ။

၂၄၂။ How much did this car cost you?
မင်းဒီကားကို ဘယ်လောက်ပေးလိုက်ရလဲ။

၂၄၃။ The student dozed off while the teacher was teaching.
ဆရာစာသင်နေတုန်းကျောင်းသားက အိပ်ငိုက်သွားတယ်။

၂၄၄။ Go and tidy up your bedroom.
မင်းရဲ့ အိပ်ခန်းကို သပ်သပ်ရပ်ရပ်သွားလုပ်။

၂၄၅။ The kitchen is in a mess.
မီးဖိုချောင်က ရှုပ်ပွနေတာပဲ။

၂၄၆။ Can you tone down the music?
မင်း သီချင်းတိုးတိုးဖွင့်လို့ရမလား။

၂၄၇။ Switch off the TV if no one is watching.
ဘယ်သူမှကြည့်မနေရင် TV ကိုပိတ်လိုက်ပါ။

၂၄၈။ Is it a waste of time to use Facebook?
Facebook သုံးခြင်းဟာ အချိန်ဖြုန်းတာလား။

၂၄၉။ I work out in the gym 4 days a week.
ငါ အားကစားရုံမှာ တစ်ပတ်မှာ လေးရက်လေ့ကျင့်တယ်။

၂၅၀။ I eat healthy food.
ကျန်းမာရေးနဲ့ညီတဲ့အစားအစာစားတယ်။

၂၅၁။ He is having a fever.
သူဖျားနေတယ်။

၂၅၂။ She is running a temperature.
သူကိုယ်တွေတော်တော်ပူနေတယ်။ (ဖျားနေ၍)

၂၅၃။ Don't drink and drive.
မူးရင်မမောင်းနဲ့။ (သောက်ပြီးရင် ကားမမောင်းနဲ့)

၂၅၄။ Give priority to the elderly.
သက်ကြီးရွယ်အိုများကို ဦးစားပေးပါ။

၂၅၅။ I hate noisy TV commercials.
ဆူညံတဲ့TVကြော်ငြာတွေမုန်းလိုက်တာ။

၂၅၆။ My car broke down on the way.
လမ်းမှာကျွန်တော့်ကားပျက်သွားလို့။

၂၅၇။ My car had a flat tyre.
ကားဘီးပေါက်သွားလို့။

၂၅၈။ You look as pretty as before.
နင်အရင်လိုပဲလှပါသေးတယ်။

၂၅၉။ He does not mince words.
သူကစကားကို အတုံးလိုက်အတစ်လိုက်ပြောတတ်တယ်။
(မညှာတန်းပြောတယ်။ ဖဲ့တယ်)

၂၆၀။ He is a sweet talker.
သူက အပြောချိုတဲ့သူ။ (ချိုချိုသာသာပြောသူ)

၂၆၁။ What are you looking for?
မင်းဘာရှာနေတာလဲ။

၂၆၂။ Have you lost anything?
တစ်ခုခုပျောက်သွားလို့လား။

၂၆၃။ I found what I had lost.
ငါပျောက်သွားတာကိုပြန်ရှာတွေ့ပြီ။

၂၆၄။ He graduated from the university last year.
သူ မနှစ်က ကျောင်းပြီး/ဘွဲ့ရတယ်။

၂၆၅။ He dropped out of school.
သူကျောင်းထွက်လိုက်တယ်။ ပြီးအောင်မတက်ခဲ့ဘူး။

၂၆၆။ He is a high school drop-out.
သူအထက်တန်းကျောင်းတောင်ပြီးအောင်မတက်ခဲ့ဘူး။
(ဆယ်တန်းတောင်မအောင်ပါ)

၂၆၇။ He was expelled from school.
သူကျောင်းထုတ်ခံခဲ့ရတယ်။

၂၆၈။ He is quite mature for his young age.
သူဟာ အသက်ငယ်ပေမယ့် ရင့်ကျက်တယ်။

၂၆၉။ He is a spoilt child.
သူဟာ အလိုလိုက်ခံထားရလို့ပျက်စီးနေတဲ့ခလေး။

၂၇၀။ Don't pamper your children too much.
ခလေးတွေကိုအရမ်းအလိုမလိုက်ပါနဲ့။

၂၇၁။ I think of you from time to time.
မင်းကိုပဲ မကြာမကြာသတိရနေတာ။
(ထစ်ခနဲဆိုလွမ်းနေတာ)

၂၇၂။ I miss my childhood friends.
ခလေးဘဝက သူငယ်ချင်းတွေကိုလွမ်းတယ်။

၂၇၃။ I look forward to meeting you next month.
ရှေ့လ မင်းနဲ့တွေ့ဖို့မျှော်နေပါတယ်။

၂၇၄။ Why is this meeting called?
ဒီအစည်းအဝေးကို ဘာကြောင့်ခေါ်တာလဲ။

၂၇၅။ He donated a lot of money to the monastery.
သူ ဘုန်းကြီးကျောင်းကို ပိုက်ဆံတွေအများကြီးလှုခဲ့တယ်။

၂၇၆။ I have nothing important to do.
ငါ့မှာ ဘာမှအရေးတကြီးလုပ်စရာမရှိပါဘူး။

၂၇၇။ He has dated a lot of women.
သူ ရည်းစားတွေအများကြီးထားခဲ့တယ်။

၂၇၈။ He is flirtatious.
သူဟာ မြှာပွေတယ်။ (မိန်းမနောက်ပိုးထတယ်)

၂၇၉။ She likes to flirt with young men.
သူမဟာ ယောက်ျားငယ်ငယ်လေးတွေနဲ့ ရှုပ်ချင်တယ်။

၂၈၀။ He is easy to get along with.
သူဟာ ပေါင်းရသင်းရလွယ်တဲ့သူ။

၂၈၁။ I'd like to travel all over the world.
ကျွန်တော် ကမ္ဘာအနှံ့ခရီးသွားချင်တယ်။

၂၈၂။ She lives in downtown Yangon.
သူကရန်ကုန်မြို့လယ်မှာနေတာ။ (မြို့ထဲမှာနေတယ်)

၂၈၃။ He lives in the suburb.
သူက ဆင်ခြေဖုံး (မြို့ပြင်မှာ) နေတာ။

၂၈၄။ He was brought up by indulgent parents.
သူက အလိုလိုက်တဲ့မိဘတွေနဲ့ ကြီးပြင်းခဲ့ရတယ်။

၂၈၅။ He snores loudly when he sleeps.
သူက အိပ်ရင်အကျယ်ကြီးဟောက်တယ်။

၂၈၆။ He is a light sleeper.
သူက အအိပ်ဆတ်တယ်။

၂၈၇။ He is an early riser.
သူက မနက်စောစောအ်ိပ်ယာထကျင့်ရှိတယ်။

၂၈၈။ Your phone is ringing.
မင်းရဲ့ဖုန်းလာနေတယ်။

၂၈၉။ What did you have for breakfast?
မနက်စောစောစာဘာစားခဲ့လဲ။

၂၉၀။ What would you like to have for dinner?
ညစာ ဘာစားချင်လဲ။

၂၉၁။ His face looks familiar.
သူ့ကို ကောင်းကောင်းမြင်ဖူးသလိုပဲ။
(မျက်နှာကို မြင်ဖူးတယ်/တွေ့ဖူးတယ်)

၂၉၂။ I just can't recall his name.
သူ့နာမည်ကို စဉ်းစားလို့မရဘူး။

၂၉၃။ He is absent-minded.
သူဟာ မေ့တတ်တယ်။

၂၉၄။ Take the medicine according to the doctor's instructions.
ဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းသောက်ပါ။

၂၉၅။ She looks very elegant.
သူ့ကြည့်ရတာ ကျက်သရေရှိလိုက်တာ။

၂၉၆။ How do you commute from your home to the office?
မင်း အိမ်ကနေရုံးကို ဘယ်လိုသွားသလဲ။

၂၉၇။ She likes to go shopping every weekends.
စနေ တနင်္ဂနွေရုံးပိတ်ရက်တိုင်း သူက စျေးဝယ်ထွက်ရတာကြိုက်တယ်။

၂၉၈။ Have you had your lunch?
ထမင်းစားပြီးပြီလား။

၂၉၉။ Are you busy this whole week?
မင်း ဒီတပတ်လုံး အလုပ်များသလား။

၃၀၀။ Do you have to go out today?
ဒီနေ့ အပြင်သွားစရာရှိလား။

၃၀၁။ It's better to go to the pagoda early in the morning.
ဘုရားကို မနက်စောစောသွားတာပိုကောင်းတယ်။

၃၀၂။ Brush your teeth after every meal.
ထမင်းစားပြီးတိုင်းသွားတိုက်ပါ။

၃၀၃။ Wash your feet before going to bed.
အိပ်ယာမဝင်ခင် ခြေထောက်ဆေးပါ။

၃၀၄။ What time do you usually go to bed?
မင်း ဘယ်အချိန်အိပ်ယာဝင်တတ်လဲ။

၃၀၅။ His children are studying abroad.
သူ့ရဲ့ သားသမီးတွေ နိုင်ငံခြားမှာကျောင်းတက်နေတယ်။

၃၀၆။ Chinese is not as important as English.
တရုပ်စကားဟာ အင်္ဂလိပ်စကားလောက်တော့ အရေးမကြီးပါဘူး။

၃၀၇။ My mom sits in meditation for an hour every day.
အမေဟာ တစ်နေ့ကို တစ်နာရီ တရားထိုင်တယ်။

၃၀၈။ He goes jogging every evening.
သူဟာ ညနေတိုင်း အနှေးပြေးတယ်။

၃၀၉။ Every medicine has side effects.
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။

၃၁၀။ Make proper use of social media.
Facebook လိုမျိုး social media ကို မှန်ကန်စွာအသုံးပြုပါ။

၃၁၁။ I am lazy to cook, so I usually eat out.
ဟင်းချက်ရမှာပျင်းလို့ အပြင်ဆိုင်မှာပဲစားတယ်။

၃၁၂။ I will do it without fail.
ကျွန်တော်အဲဒါကိုမပျက်မကွက်(ဆက်ဆက်)လုပ်ပါ့မယ်။

၃၁၃။ You look more like your mother than your father.
မင်းက အဖေထက် အမေနဲ့ပိုတူတယ်။

၃၁၄။ He is a very polite boy.
ကောင်လေးက ယဉ်ကျေးတယ်။

၃၁၅။ They talk behind your back.
သူတို့မင်းနောက်ကွယ်မှာ မင်းအကြောင်းတွေပြောတယ်။

၃၁၆။ He came into a big inheritance.
သူ အမွေတွေအများကြီးရလိုက်တယ်။

၃၁၇။ He lives in a mansion.
သူက ဇိမ်ခံအိမ်ကြီးမှာနေတာ။

၃၁၈။ We keep odds and ends in the store room.
စတိုခန်းထဲမှာ တိုလီမိုလီတွေထားတယ်။

၃၁၉။ He does odd jobs for his grandmother.
သူဟာ အဖွားအတွက်တောက်တိုမယ်ရလေးတွေလုပ်ပေးတယ်။

၃၂၀။ You need to depend on yourself.
မင်း ကိုယ့်အားကိုယ်ကိုးရမယ်။

၃၂၁။ Save enough for your old age.
အိုစာမင်းစာ လုံလောက်အောင်စုပါ။

၃၂၂ He will retire next year.
ရှေ့နှစ်မှာ သူအငြိမ်းစားယူမယ်။

၃၂၃။ He gets a pension from the government.
သူ အစိုးရဆီက ပင်စင်ရတယ်။

၃၂၄။ He is a confirmed bachelor.
သူက လူပျိုသိုးကြီး။ (မယူတော့မှာသေခြာသူ)

၃၂၅။ As a spinster, she has to depend on her siblings.
အပျိုကြီးဆိုတော့ သူဟာမောင်နှမတွေပေါ်မှာပဲ အားကိုးနေရတယ်။

၃၂၆။ She is a picky eater.
သူဟာ အစားဂျီးများတယ်။

၃၂၇။ She is particular about what she eats.
သူဟာ အစားရွေးလွန်းတယ်။ (၃၂၆ နဲ့အတူတူပါ)

၃၂၈။ My dad is a strict vegetarian.
အဖေက သက်သက်လွတ်ပဲစားသူ။ (အသားလုံးဝမစား)

၃၂၉။ Where can I find vegetarian food. (vegan food)
သက်သက်လွတ်ထမင်း ဘယ်မှာရှာရမလဲ။

၃၃၀။ I am constipated.
ငါဝမ်းချုပ်နေတယ်။

၃၃၁။ I have a runny nose.
နှာစေးနေတယ်။

၃၃၂။ I am having a cough.
ချောင်းဆိုးနေတယ်။

၃၃၃။ I am having a sore throat.
အာသီးရောင်နေတယ်။

၃၃၄။ I am having an upset stomach.
ဗိုက်မကောင်းဘူး။ (ဝမ်းပျက်နေတယ်)

၃၃၅။ I am feeling dizzy.
ခေါင်းမူးနေတယ်။

၃၃၆။ The medicine I took made me drowsy.
သောက်ထားတဲ့ဆေးကြောင့် အိပ်ချင်နေတယ်။

၃၃၇။ We are having a gathering with school mates next week.
ရှေ့အပတ် ကျောင်းကသူငယ်ချင်းဟောင်းတွေနဲ့ မိတ်ဆုံစားပွဲရှိတယ်။

၃၃၈။ All of a sudden, I've put on a lot of weight.
ဗြုန်းစားကြီးဆိုသလို ငါဝိတ်တွေအရမ်းတက်လာတယ်။

၃၃၉။ I have to stay away from sugary foods.
ချိုတဲ့အစားအစာတွေရှောင်မှဖြစ်မယ်။

၃၄၀။ I have a sweet tooth.
ငါက အချိုကြိုက်တယ်။

၃၄၁။ I run errands for my mom.
ငါ အမေ့အတွက် အပြင်ကိစ္စလေးတွေပြေးလုပ်ပေးရတယ်။
(ဟိုဟာလေးသွားဝယ်ပေး၊ မီတာသွားဆောင်ပေး၊ စသည်ဖြင့် အပြင်ကိစ္စလေးများ လုပ်ပေးတာ ကို to run errands လို့မှတ်ပါ)

၃၄၂။ He is busy 24-7.
သူဟာ (တစ်နေ့ ၂၄ နာရီ တစ်ပတ်လုံး) တချိန်လုံး အလုပ်များနေသူ။

၃၄၃။ It is easier said than done.
ပြောရတာလွယ်သလောက် လက်တွေ့လုပ်ဖို့တော့ခက်သား။

၃၄၄။ I want to take a nap after lunch.
နေ့လည်စာ စားပြီးရင် ခဏလောက် တရေးအိပ်ချင်တယ်။
(to take a nap= တရေးအိပ်သည်)

၃၄၅။ He has a nagging wife.
သူ့မိန်းမက ဂဂျီဂဂျောင်ကြီး။

၃၄၆။ He looks down on the poor people.
ဆင်းရဲတဲ့သူတွေကို သူအထင်သေးတယ်။

၃၄၇။ She has a fair complexion.
သူ အသားဖြူတယ်။

၃၄၈။ He has a tanned complexion.
သူ (နေလောင်ထားသလို) အသားညိုတယ်။

၃၄၉။ He is short and stumpy.
သူက ပုပုတိုတို။

၃၅၀။ She is tall and slender.
သူက ရှည်ရှည်သွယ်သွယ်။

၃၅၁။ The baby is chubby.
ခလေးက ဝဝကစ်ကစ်လေး။

၃၅၂။ She is quite plump.
သူက ဝဝပြည့်ပြည့်လေး။

၃၅၃။ She has a curvy figure.
သူက body လှတယ်(ရှိရမဲ့နေရာတွေမှာ ကောက်ကြောင်းတွေရှိတယ်ပေါ့)။

၃၅၄။ He has a beer belly.
သူက ဘီယာဗိုက်နဲ့။

၃၅၅။ I like to wear casual clothes.
ပေါ့ပေါ့ပါးပါး အဝတ်တွေပဲဝတ်ချင်တယ်။ (ဂျင်းဘောင်းဘီ T shirt စသည်ဖြင့်)

၃၅၆။ He plays computer games day and night.
သူဟာ နေ့ရောညပါ ကွန်ပြူတာဂိမ်းဆော့တာ။

၃၅၇။ His parents kicked him out of the house.
မိဘတွေက သူ့ကို အိမ်ပေါ်က နှင်ချလိုက်တယ်။

၃၅၈။ He is addicted to playing cards.
သူ ဖဲရိုက်တာကို စွဲနေတယ်။

၃၅၉။ He likes to gamble/bet on football.
သူ ဘော်လုံးလောင်းတယ်။
(gamble သို့မဟုတ် bet ကြိုက်ရာသုံး။ လောင်းကစားသည် လို့အဓိပ္ပါယ်ရတယ်)

၃၆၀။ She is lazy to clean up the house.
သူဟာ အိမ်သန့်ရှင်းရေးလုပ်ရမှာကို ပျင်းတယ်။

၃၆၁။ Grandma counts beads every night before going to bed.
အဖွားဟာ ညစဉ် အိပ်ယာမဝင်ခင်မှာ ပုတီးစိပ်တယ်။
(to count beads သို့မဟုတ် to pray the rosary ဆိုတာ ပုတီးစိပ်တာ)

၃၆၂။ I need to pack for the trip tomorrow.
မနက်ဖြန်ခရီးအတွက် အထုပ်ပြင်ရမယ်။

၃၆၃။ Reheat the curry before you eat.
မစားခင်မှာ ဟင်းကိုပြန်နွှေးပါ။

၃၆၄။ You need to plan ahead.
မင်း ကြိုတင်စီမံဖို့လိုတယ်။

၃၆၅။ He is ahead of his competitors.
သူဟာ သူ့ပြိုင်ဖက်တွေရဲ့ရှေ့မှာဦးဆောင်နေတယ်။

၃၆၆။ He is quite stubborn.
သူခေါင်းသိပ်မာတယ်။

၃၆၇။ He is not a team-player.
သူဟာ လူ့အဖွဲ့အစည်းနဲ့ပါဝင်ဆောင်ရွက်တတ်သူမဟုတ်။
(တစ်ယောက်တည်းသာလုပ်ချင်သူ a loner)

၃၆၈။ Never forget your benefactors.
ကိုယ့်ကျေးဇူးရှင်တွေကို ဘယ်တော့မှမမေ့ပါနဲ့။

၃၆၉။ A good name never dies.
နာမည်ကောင်းတစ်ခု ဘယ်တော့မှမသေဘူး။

၃၇၀။ He pretended as if he didn't see me.
သူဟာ ငါ့ကို မမြင်ချင်ယောင်ဆောင်သွားတယ်။

၃၇၁။ I look the other way whenever I see him.
သူ့ကိုတွေ့တိုင်း ငါဟိုဘက်လှည့်ပြီး မမြင်ယောင်ဆောင်နေလိုက်တယ်။
(စကားမပြောချင်၍ လစ်လျှုရှုထားတာ ကို to look the other way သူလာနေတာတွေ့ရင် ဟိုဘက်ကြည့်နေလိုက်တယ်လို့ သုံးတယ်)

၃၇၂။ He is a henpecked husband,who never dares to contradict his wife.
သူဟာ မိန်းမကြောက်ရသူ (မယားကြောက် မယက)၊ သူ့ရဲ့မိန်းမကို ဘယ်တော့မှဆန့်ကျင်ရဲတာမဟုတ်။

henpecked husband= မယက
dare= လုပ်ရဲသည်
contradict= ဆန့်ကျင်သည်
လွယ်လွယ်ပြောချင်ရင် contradict အစား to go against သုံးပါ။ He dares not go against his wife.

၃၇၃။ He likes to bully the smaller kids.
သူဟာ ခလေးငယ်တွေကို အနိုင်ကျင့်တတ်တယ်။

bully (verb) အနိုင်ကျင့်သည်
bully (noun) အနိုင်ကျင့်သူ

၃၇၄။ He is so full of himself.
သူဟာ သူ့ကိုယ်သူအရမ်း အဟုတ်ကြီးထင်နေတာ။

full of oneself= too proud of oneself ကိုယ် အရမ်းဟုတ်လှပြီ တော်လှပြီထင်ပြီး မာနထောင်နေတတ်သော

၃၇၅။ He is quite arrogant.
သူဟာ သိပ်မောက်မာတယ်။

၃၇၆။ I will see you off at the airport.
မင်းကိုငါ လေယဉ်ကွင်းလိုက်ပို့မယ်။
to see someone off လို့မှတ်ပါ။

၃၇၇။ I can drop you off at your school.
(ငါ့ကားနဲ့ ကားကြုံလိုက်ခဲ့ပါ) မင်းရဲ့ကျောင်းမှာ ချပေးမယ်။
to drop someone off လို့မှတ်ပါ။

၃၇၈။ I will come to meet you at the airport.
မင်းကို ငါ လေယဉ်ကွင်းမှာလာကြိုမယ်။

၃၇၉။ The driver eloped with the maid.
ယဉ်မောင်းဟာ အိမ်ဖော်နဲ့ ခိုးရာလိုက်ပြေးတယ်။
to elope= ခိုးရာလိုက်သည်

၃၈၀။ I need to buy some groceries.
ငါ (ဆီ ဆန် ဆား စသည်ဖြင့်) ကုန်ခြောက်လေးတွေဝယ်ရမယ်။

၃၈၁။ I quite agree with you.
မင်းပြောတာကို ငါ အရမ်းသဘောတူပါတယ်။

၃၈၂။ That's not what I mean.
ငါ ပြောချင်တာ၊ ဆိုလိုတာ ဒါမဟုတ်ဘူး။
(အဲလိုပြောတာမဟုတ်ဘူး)

၃၈၃။ Well, let me put it this way.
ကဲ...ဒီလိုပြောကြည့်မယ်ကွာ။
(ပထမ ပြောတာ နားမလည်ဘူးထင်၍ နောက်တမျိုးထပ်ပြီးရှင်းပြချင်၍ ပြောပုံ)

၃၈၄။ It is sizzling hot today.
ဒီနေ့ တော်တော်ပူတယ်။

၃၈၅။ I am sweating a lot.
ငါ ချွေးတွေအရမ်းထွက်နေပြီ။
I am bathing in sweat.
sweat ဆိုတာ ချွေး။ bathing in sweat ချွေးနဲ့ရေချိုးထားသလို၊ ချွေးတွေရွှဲနစ်နေတယ်ပေါ့။

၃၈၆။ Can you turn on the aircon?
အဲယားကွန်းဖွင့်လိုက်ပါလား။

၃၈၇။ It is costly to take a cab every day.
နေ့တိုင်း တက္ကစီ စီးတာစရိတ်ကြီးတာပေါ့။
costly (adjective)= expensive, costing a lot of money
cab= taxi

၃၈၈။ Customer is always right.
စားသုံးသူ၊ ဖောက်သည်ဟာ အမြဲမှန်ပါတယ်။

၃၈၉။ He is such a coward.
သူဟာ သူရဲဘောကြောင်သူ။

၃၉၀။ She is a timid girl.
သူဟာ ရဲတင်းမှုမရှိ၊ ကြောက်တတ်တဲ့ကောင်မလေး။

၃၉၁။ We are in the same boat.
ငါတို့တွေဟာ ဘဝတူတွေပါ (တလှေတည်းစီးနေရတဲ့ခရီးဖော်တွေ)

၃၉၂။ Never leave your work unfinished.
အလုပ်ကို ဘယ်တော့မှ တန်းလန်းမထားခဲ့နဲ့။

၃၉၃။ He regrets having married that woman.
အဲဒီမိန်းမကို လက်ထပ်ခဲ့မိတာကို သူနောင်တရနေတယ်။
regret= နောင်တ၊ နောင်တရသည်

၃၉၄။ I've been thinking of a career change.
အလုပ်အသစ်ပြောင်းမလားလို့စဉ်းစားနေတာ။

၃၉၅။ This job doesn't pay well.
ဒီအလုပ်က ပိုက်ဆံသိပ်မရ၊ လခမကောင်းဘူး။

၃၉၆။ With my experience, I can find a better job with a better pay.
ငါ့အတွေ့အကြုံနဲ့ဆို လခပိုကောင်းတဲ့ အလုပ်ကောင်းကောင်းရနိုင်တယ်။

၃၉၇။ I'm sorry that I yelled at you.
မင်းကို ငါအော်လိုက်မိတာ တောင်းပန်ပါတယ်။

၃၉၈။ I wasn't myself.
ငါ စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားလို့။

၃၉၉။ I promise that I won't do it again.
နောက်ဒါမျိုးထပ်မလုပ်ပါဘူးလို့ ကတိပေးပါတယ်။

၄၀၀။ It's pointless to complain.
ကျေနပ်မှုမရှိလျှင်တိုင်ကြားပါ...လို့ဆိုကြသော်လည်း) မကျေနပ်တာတွေပြောနေလို့ အလကားပါပဲ။
pointless= useless, futile အလကား၊ အချည်းအနှီးဖြစ်သော

Comments

Popular posts from this blog

အင်္ဂလိပ်စာ ဘာသာပြန်နည်း

Grammar (၂၃) မျိုးကို ကဗျာရွတ်ပြီး လေ့လာကြမယ်

“နေ့စဉ်သုံး အခြေခံအင်္ဂလိပ်စကားပြော (300 ) ”