ဝါစင်္ဂ ၉မျိုး(9 Parts of Speech)
အင်္ဂလိပ်စာကို အခြေခံ စလုံးရေစကနေ အလွယ်နည်းနဲ့သင်ယူလေ့လာလိုကြတဲ့ ချစ်တဲ့ညီကိုမောင်နှမတွေအတွက် တင်ပေးလိုက်ပြီနော်။
✔️ သမိုင်းကြောင်းအကျဉ်း ✔️
အင်္ဂလိပ်ဘာသာစကားဟာ တကယ်တော့ ဂျာမဏီ(အနောက်) မျိုးနွယ်စုတွေရဲ ့ဘာသာစကားဖြစ်ပြီး ဂျာမဏီလူမျိုးတွေကနေ ဆင်းသက်လာတာပါ။ဗြိတိန်အင်ပါယာ(အင်္ဂလိပ်တွေရဲ ့နေမဝင်အင်ပါယာအတွက်) ကမ္ဘာအနှံ ့နယ်မြေတွေလိုက်သိမ်းပိုက်ခဲ့လို့အင်္ဂလိပ်ဘာသာစကား/စာ ဟာ ၂၀ရာစုမှာ တွင်ကျယ်စွာနဲ ့ကမ္ဘာသုံးစကား/စာ ဖြစ်လာတာပါ။အင်္ဂလိပ် ဘာသာစကားဟာ အခုလောလောဆယ်မှာ တရုတ်ဘာသာစကားနဲ့စပိန်ဘာသာစကားပြီးနောက် ကမ္ဘာမှာ တတိယမြောက် လူပြောအများဆုံးဘာသာစကားဖြစ်နေပါတယ်။အသုံးဝင်တဲ့နေရာမှာတော့ ပထမပါ။
✍🏿 ✍🏿 အင်္ဂလိပ်အခြေခံ စလုံးရေစ သင်ခန်းစာ
အင်္ဂလိပ်စာမှာ A B C D လို့ခေါ်တဲ့ အက္ခရာစာလုံး A ကနေ Zအထိ ၂၆လုံး ရှိပါတယ်။(မြန်မာ မှာဆို ၃၃ လုံးရှိပါတယ်)။အက္ခရာစာလုံးအကြီး A B C D တွေကို Capital Letter (ကက်ပီတယ်လ် လက်ထာ) လို့ခေါ်ပြီး အက္ခရာ စာလုံးအသေး a b c d တွေကိုတော့ Small Letter (စမောလက်ထာ) လို့ခေါ်ပါတယ်။အဲဒီ အက္ခရာ ၂၆ လုံးထဲကမှ A,E,I,O,U ဆိုတဲ့ ၅လုံးကို သရ (Vowel = ဘာ ဝယ်လ်) လို့ခေါ်ပါတယ်။W နဲ့ Y ကတော့ သရတစ်ဝက် ၊ ဗျည်းတစ်ဝက်ဖြစ်လို့(Semi Vowel = ဆီမီး ဘာ ဝယ်လ်) သရဝက် လို့ခေါ်ပါတယ်။Semi ရဲ ့အဓိပ္ပါယ်က တစ်ဝက် ၊ တစ်ခြမ်း ပါ။ကျန်တဲ့၁၉ လုံးကိုတော့ ဗျည်းတွေ (Consonants = ကောန် ဆိုး နန့်စ်) လို့ခေါ်ပါတယ်။
ဘာကြောင့် သရလို့ခေါ်ရသလဲဆိုရင် အဲဒီ A,E,I,O,U ထဲက တစ်လုံးလုံးမပါရင် အင်္ဂလိပ်စကားလုံးက အသံထွက်လို့မရသလို အဓိပ္ပါယ်လည်းမရှိတော့ပါဘူး။အင်္ဂလိပ်စကားလုံး အားလုံးက A,E,I,O,U သရတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားခြင်းပါ။
Chair ကို သရဖြစ်တဲ့ A နဲ့I ဖြုတ်လိုက်ကြည့်ပါ။chr ဆိုပြီး အသံထွက်လို့မရတော့ပါဘူး။အဓိပ္ပါယ်လည်း မရှိတော့ပါဘူး။
You ကို သရဖြစ်တဲ့ O နဲ ့U ဖြုတ်ကြည့်လိုက်ပါ။Y တစ်လုံးတည်းနဲ့အသံထွက်လို့မရတော့ပါဘူး။အဓိပ္ပါယ်လည်း မရှိတော့ပါဘူး။
W နဲ ့Y ဟာ စကားလုံးရဲ ့(နောက်ဆုံးမှာ) နေရင် သရဖြစ်ပြီး စကားလုံးရဲ ့(အရှေ ့ဆုံးမှာ) နေရင် ဗျည်းဖြစ်ပါတယ်။W နဲ့Yဟာ သရအလုပ်ကို လုပ်ပြီး ဗျည်းအလုပ်ကိုလည်းလုပ်တာကြောင့် သရဝက်၊ဗျည်းဝက်လို့ခေါ်တာပါ။
(cry,fly,why,sky,my........ဒီ ဥပမာတွေ ကြည့်ပါ။သရ A,E,I,O,Uတွေ မပါပေမယ့် Y က နောက်ဆုံးမှာနေပြီး သရရဲ ့အလုပ်ကိုလုပ်နေပါတယ်။Y သာမပါရင် ဒီစကားလုံးတွေက အသံထွက်လို့မရတော့ပါဘူး။အဓိပ္ပါယ်လည်း မရှိတော့ပါဘူး။ဒီနေရာမှာတော့ Y က သရပါ။)
(yesterday,yellow,you,yes........ဒီ ဥပမာတွေ ကြည့်ပါ။Y က ရှေ ့ဆုံးမှာ ပါနေပေမယ့် သရ A,E,I,O,U တွေသာမပါရင် ဒီစကားလုံးတွေက အသံထွက်လို့မရတော့ပါဘူး။အဓိပ္ပါယ်လည်း မရှိတော့ပါဘူး။ဒီနေရာမှာတော့ Y က ဗျည်းအလုပ်လုပ်ပြီး Y က ဗျည်းပါ။)
(cow,how,saw,law........ဒီ ဥပမာတွေ ကြည့်ပါ။သရ A,E,I,O,Uတွေ ပါနေပေမယ့် W က နောက်ဆုံးမှာနေပြီး သရရဲ ့အလုပ်ကိုလုပ်နေပါတယ်။W သာမပါရင် ဒီစကားလုံးတွေက အဓိပ္ပါယ် မရှိတော့ပါဘူး။ဒီနေရာမှာတော့ W က သရပါ။)
(What,wet,was,wick........ဒီ ဥပမာတွေ ကြည့်ပါ။W က ရှေ ့ဆုံးက ပါနေပေမယ့် သရ A,E,I,O,U တွေသာမပါရင် ဒီစကားလုံးတွေက အသံထွက်လို့မရတော့ပါဘူး။အဓိပ္ပါယ်လည်း မရှိတော့ပါဘူး။ဒီနေရာမှာတော့ W က ဗျည်းအလုပ်လုပ်ပြီး W က ဗျည်းပါ။)
✒️✒️ သရ ရဲ ့အဓိပ္ပါယ်ဘာမှန်းမသိပဲ ဒီတိုင်းအလွတ်မှတ်တာထက်စာရင် သရဆိုတာ ဘာကိုပြောတာလဲဆိုတာ သိအောင်လို့ရှင်းပြထားခြင်း ဖြစ်ပါတယ်။
ရှေ ့ကစကားလုံးက ဗျည်းနဲ့ဆုံးပြီး နောက်ကစကားလုံးက သရနဲ့စရင် နောက်က သရ စာလုံးရဲ ့အသံကို ဖျောက်လိုက်ပြီး ရှေ ့က ဗျည်းစာလုံးရဲ ့ဆုံးတဲ့အသံကို ပြောပေးရတယ်ဆိုတာ မှတ်ထားလိုက်ပါအုံး။
( ဥပမာ။ ။ ဆိုရင် ရှေ ့က စကားလုံးက ဗျည်းဖြစ်တဲ့ T နဲ ့ဆုံးပြီး နောက်ကစကားလုံးက U ဆိုတဲ့ သရနဲ့စတာပါ။ဒါဆိုရင် နောက်က သရ စာလုံး U အသံကို ဖျောက်လိုက်ပြီး ရှေ ့စကားလုံး Shut ရဲ ့နောက်ဆုံးစာလုံးဖြစ်တဲ့ T အသံကို ပြောပေးရမှာပါ။ Shut up ဆိုရင် < ရှတ် အတ်ပ်> လို့မထွက်ပဲ T အသံ <ရှတ် ထတ်ပ်> လို့အသံထွက်ပါတယ်။)။အခြားစကားလုံးတွေလည်း ဒီ ပုံသေနည်းအတိုင်းပါပဲ။
It is ဆိုရင် T အသံ < အစ် ထစ်>
Can I ဆိုရင် N အသံ < ခန် နိုင်>
Sold out ဆိုရင် D အသံ < ဆိုး ဒေါက် >
Stop it ဆိုရင် P အသံ < စတော့ပ် ပစ်>
Would I ဆိုရင် D အသံ < ဝတ် ဒိုင်>
Is it ဆိုရင် S အသံ < အစ်စ် စစ်>
စလုံးရေစ သင်ခန်းစာအတွက် ဒါတွေမှတ်ထားရင် ရပါပြီ။(Comment ထဲမှာ ဒီသင်ခန်းစာရဲ ့ပ ုံကို ယူနိုင်ပါတယ်)
အက္ခရာ ၂၆ လုံး
သရ ၅ လုံး
သရ၀က် ၂ လုံး
ကျန်တဲ့ ဗျည်း ၁၉ လုံး
နောက်ဆုံးပြောတဲ့ နောက်ဆုံးဗျည်းစာလုံးနဲ့သရနဲ့တွဲထားရင် ထွက်တဲ့ အသံထွက်နည်း
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
အင်္ဂလိပ်ဘာသာစကား/စာ ဟာ Parts of Speech ဆိုတဲ့ (ဝါစင်္ဂ ၉မျိုး)နဲ့ဖွဲ့စည်းထားတာပါ။အင်္ဂလိပ်လို ကြိုက်တာတစ်ခုပြောပါ။ဒီ (ဝါစင်္ဂ ၉မျိုး) ထဲကပဲဆိုတာတွေ့ရမှာပါ။ဥပမာ ၂ခုပေးမယ်နော။
I eat banana.
ငါငှက်ပျောသီး စားတယ်ဆိုရင် I က (pronounလို့ခေါ်တဲ့ နာမ်စား) ဖြစ်ပြီး eat က (Verb လို့ခေါ်တဲ့ကြိယာ) ပါ။Bananaဆိုတဲ့ ငှက်ပျောသီးက (Nounလို့ခေါ်တဲ့ နာမ်) ပါ။
They are sitting on the chair.
သူတို့ထိုင်ခုံပေါ်မှာ ထိုင်နေကြတယ်ဆိုရင် They က (pronounလို့ခေါ်တဲ့ နာမ်စား) ဖြစ်ပြီး (are နဲ့sitting က Verb လို့ခေါ်တဲ့ကြိယာ) တွေပါ။On က (Preposition လို့ခေါ်တဲ့ ဝိဘတ်) ဖြစ်ပြီး the ကတော့ Determiner ထဲက ပစ္စည်း article ပါ။ chairလို့ခေါ်တဲ့ ထိုင်ခုံက (Nounလို့ခေါ်တဲ့ နာမ်) ပါ။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
ဒီလောက်ဆို အင်္ဂလိပ်ဘာသာစကား/စာ ဟာ Parts of Speech ဆိုတဲ့ (ဝါစင်္ဂ ၉မျိုး)နဲ့ဖွဲ့စည်းထားတာဖြစ်ကြောင်း သင်သိသွားပါပြီ။အဲဒီ 9 Parts of Speech ဆိုတဲ့ (ဝါစင်္ဂ ၉မျိုး)တွေကတော့
(1) Noun (နာမ်) နောင်း
(2) Pronoun (နာမ်စား) ပရိုး
(3) Adjective (နာမဝိသေသန) ဂျစ်
(4) Verb (ကြိယာ) ဘတ်
(5) Adverb (ကြိယာဝိသေသန) အက်
(6) Preposition (ဝိဘတ်) ပရီ
(7) Conjunction (စကားဆက်(သမ္မန္ဓ) ကွန်
(8) Interjection (အာမေဋိတ်) အင်
တာ
(9) Determiner Article a,an,the
............. စတဲ့ ၉မျိုးပါ။
နောင်း ၊ ပရိုး ၊ ဂျစ် ၊ ဘတ် ၊ အက် ၊ ပရီ ၊ ကွန် ၊ အင်တာ၊ဒီတာ...........လို့အလွယ်မှတ်ပါ။ဒါကို အခါ ၂၀လောက် ဆက်တိုက်ကြည့်ပြီး ရွတ်လိုက်ပါ။ပါးစပ်ထဲ စွဲသွားပါလိမ့်မယ်။နောင်းဆိုရင် နောင်း (နာမ်) ၊ ပရိုး ဆိုရင် ပရိုးနောင်း (နာမ်စား) ၊ ဂျစ် ဆိုရင် အက်ဂျစ်တစ် (နာမဝိသေသန) ............စသဖြင့် အဓိပ္ပါယ်နဲ့ပြန်တွဲမှတ်လိုက်ပါ။အားရင်အားသလို ရွတ်နေပါ။သုံးရက်လောက်ဆို ပါးစပ်ထဲစွဲပြီး အားလုံး အဓိပ္ပါယ်နဲ့တကွမှတ်မိသွားပါပြီ။တရေးနိုးထမေးရင်တောင် အေးဆေးဖြစ်သွားပါပြီ။
✔️✔️✔️ NOUN (နာမ်) ✔️✔️✔️
*နာမ်ရဲ ့အဓိပ္ပါယ်က သက်ရှိသက်မဲ့၊ဒြပ်ရှိဒြပ်မဲ့တို့၏ အမည်ဟူသမျှကို နာမ်ဟုခေါ်သည်* နာမ်နဲ့ပတ်သက်ပြီး လွယ်လွယ်လေး ဒီ ၅ချက် ကို မှတ်ထားလိုက်ပါ။အဲဒါတွေဟာ Noun နာမ်တွေပါပဲ။
(1) People လူ Ko Ko,Doctor,Actor........စသဖြင့်
(2) Animal တိရိစ္ဆာန် Dog,Cat,Lion.......စသဖြင့်
(3) Things ဒြပ်ရှိအရာဝတ္တု Pencil,Chair,Cup.........စသဖြင့်
(4) Abstract ဒြပ်မဲ့အရာ Water,Love,Mind.........စသဖြင့်
(5) ....nessနဲ့ဆုံးတဲ့ (ခြင်း၊မှု) Greatness(ကြီးကျယ်မှု),Kindness(ကြင်နာမှု)......စသဖြင့်
အဲဒီနာမ်တွေကို ရေတွက်လို့ရတဲ့ နာမ်နဲ့ ရေတွက်လို့မရတဲ့ နာမ်......နာမ်အနည်း နာမ်အများ တွေရှိတယ်ဆိုပြီး မှတ်ထားလိုက်ပါ။
Countable Noun (ရေတွက်လို့ရတဲ့ နာမ်) Book,Song,Beach.....စသဖြင့်
Uncountable Noun (ရေတွက်လို့မရတဲ့ နာမ် ) Money,Water,Rice........စသဖြင့်
Singular Noun (နာမ်အနည်း) Banana,Wife,Man
Plural Noun (နာမ်အများ) Bananas,Wives,Men
နာမ်တွေကို ဒီလောက် သိထား/မှတ်ထားရင် ရပါပြီ။နာမ်စားကို သွားကြပါစို့။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
✔️✔️✔️ PRONOUN (နာမ္စား) ✔️✔️✔️
*နာမ်၏အစားသုံးသောပုဒ်ကို နာမ်စားဟုခေါ်သည်* နာမ်စားက ဇယားနဲ့ပါ။နာမ်စားဇယားတစ်ကွက်ထဲ ရှိပါတယ်။အဲဒီနာမ်စား ဇယားတစ်ကွက်ကို အလွတ်ရရင် ပွဲသိမ်းပါပြီ။နာမ်စားဇယားကို ဒီပို့စ်ရဲ ့comment box မှာ ပုံနဲ့တကွ တင်ထားပေးပါတယ်။နားလည်အောင် ရှင်းပြရရင် ဒီလိုပါ။
Ko Ko is is a doctor.He is handsome.
ကိုကိုဟာ ဆရာဝန်တစ်ယောက် ဖြစ်တယ်။သူဟာ ရုပ်ဖြောင့်တယ်။
ဒုတိယစာကြောင်းက (He သူ) က Ko Koရဲ ့အစား သုံးလိုက်တဲ့ နာမ်စားပါ။
GSP is a mixed martial arts fighter.Do you know him?
GSP ဟာ သိုင်းပေါင်းစုံ သိုင်းသမားဖြစ်တယ်။မင်း သူ့ကိုသိသလား?
ဒုတိယစာကြောင်းက(Him သူ့ကို) ဆိုတာက GSP ရဲ ့အစား သုံးလိုက်တဲ့ နာမ်စားပါ။
နာမ်စားဇယားပုံကို မြန်မာစာနဲ့တကွ ရှင်းလင်းပြပြီး ကွန်မန့်မှာ တင်ထားပေးပါတယ်။နာမ်စားဇယားကို အလွတ်ရေးနိုင်/ပြန်ရှင်းပြနိုင်အောင် လေ့ကျင့်ပါ။ဒါဆို ရပါပြီ။နာမဝိသေသန ကို သွားကြပါစို့။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
✔️✔️✔️ ADJECTIVE (နာမဝိသသနေ) ✔️✔️✔️
*နာမ်ကိုအထူးပြုသောပုဒ်ကို နာမဝိသေသနဟုခေါ်သည်* အထူးပြုတယ်ဆိုတာ ဘယ်လိုအထူးပြုတာလဲဆိုရင် ဒီလိုပါ။
boy ဆိုတာက လူကလေးပါ။နာမ်ပါ။ဘယ်လိုလူကလေးလဲ ဆိုတာ မပါပါဘူး။ဒါကို ရှေ ့ကနေ Young ဆိုတဲ့ နာမဝိသေသနနဲ့အထူးပြုလိုက်တော့ (Young boy = ငယ်ရွယ်သော လူကလေး) ဖြစ်သွားပါတယ်။နာမဝိသေသနက နာမ်ကို ပုံမှန်အားဖြင့် အရှေ ့ကနေ အထူးပြုပါတယ်။ခြွင်းချက်လည်းရှိပေမယ့် အခုဒီအခြေခံအဆင့်မှာ ထည့်ပြောစရာ မလိုသေးပါဘူး။တခြား ဥပမာတွေကိုလည်း ထပ်ကြည့်လိုက်ပါအုံး။
tall boy = အရပ်ရှည်သော လူကလေး (tall က adj) (boy က noun)
beautiful girl = လှပသော မိန်းကလေး (beautiful က adj) (girl က noun)
kind mother = ကြင်နာသော မိခင် (kind က adj) (mother က noun)
နာမဝိသေသနမှာ ဒီဂရီ သုံးခုရှိပါတယ်။(Positive Degree သာမန်အဆင့် ၊ Comparative Degree သာလွန်အဆင့် ၊ Superlative Degree အသာလွန်ဆုံးအဆင့်) ဆိုတဲ့ ၃မျိုးပါ။ရှည်တာကို ပြောချင်ရင် (tall ရှည်သော ၊ taller သာ၍ရှည်သော ၊ tallest အရှည်ဆုံး) လို့ပြောပါတယ်။ကျန်တဲ့ ဥပမာတွေကိုလည်း ကြည့်လိုက်ပါအုံး။
good better best
small smaller smallest
beautiful more beautiful most beautiful
easy easier easiest
late later latest
နာမဝိသေသနဆိုတာ နာမ်ကို အရှေ ့ကနေ အထူးပြုတယ်...........မြန်မာလို *သော* လို့အဓိပ္ပါယ်ရတယ်............ ဒီဂရီ သုံးခုရှိတယ် ဆိုတဲ့ သုံးချက်ကို မှတ်ထားရင် ကိစ္စပြတ်ပါပြီ။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
✔️✔️✔️ Verb ကြိယာ ✔️✔️✔️
ပြုသည်၊ဖြစ်သည်၊ရှိသည်ကို ဖော်ပြတဲ့ပုဒ်ဟာ ကြိယာပါ။ကြိယာဟာ မြန်မာလို *သည်* လို့ ခေါ်တယ်လို့မှတ်ထားပါ။ဥပမာ - - -
I eat. = ကျွန်တော်စားသည်။
I go. = ကျွန်တော်သွားသည်။
I sleep. = ကျွန်တော်အိပ်သည်။
Verb ဆိုတဲ့ ကြိယာဟာ Verb 1 .... Verb 2 .... Verb 3 .... Verb (ing) စသဖြင့် ၄မျိုးရှိပါတယ်။
V1 ( go ) ကို Present Tense
V2 ( went ) ကို Past Tense
V3 ( gone ) ကို Past Participle
Ving ( going ) ကို Present Participle .......လို့ခေါ်တယ်လို့မှတ်ထားပါ။
go...went...gone....going က ဥပမာအနေနဲ ့ပေးထားတာပါ။အောက်က ဥပမာတွေကိုလည်း ကြည့်လိုက်ပါအုံး။
speak(ပြောသည် V1)...spoke(ပြောခဲ့သည် V2)...spoken(ပြောပြီးပြီ V3)...speaking(ပြောနေသည် Ving)
do(လုပ်သည် V1)...did(လုပ်ခဲ့သည် V2)...done(လုပ်ပြီးပြီ V3)...doing(လုပ်နေသည် Ving)
cook(ချက်သည် V1)...cooked(ချက်ခဲ့သည် V2)...cooked(ချက်ပြီးပြီ V3)...cooking(ချက်နေသည် Ving)
Verbဆိုတဲ့ ကြိယာနဲ ့ပတ်သက်ပြီး ၂ချက် မှတ်ထားပါ။Verb ဟာ မြန်မာလို *သည်* လို့အဓိပ္ပါယ်ရပါတယ်။V1 ကို Present Tense .....V2ကို Past Tense ..... V3ကို Past Participle .... Ving ကို Present Participle လို့ခေါ်တယ်လို့မှတ်ထားပေးပါ။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
✔️✔️✔️ ADVERB ကြိယာဝိသေသန ✔️✔️✔️
*ကြိယာကိုအထူးပြုသောပုဒ်ကို ကြိယာဝိသေသနဟု ခေါ်သည်* နာမဝိသေသနက နာမ်ကို အရှေ့ကနေ အထူးပြုပြီး ကြိယာဝိသေသနကျတော့ ကြိယာကို အနောက်ကနေ အထူးပြုတယ်လို့မှတ်ထားပါ။ကြိယာဝိသေသနရဲ ့အထူးပြုချက်ကို ကြည့်ရအောင်။She Smiles ဆိုရင် သူမပြုံးသည် လို့အဓိပ္ပါယ်ရပါတယ်။smiles က (Verb ကြိယာ) ပေါ့။အဲဒါကို.......အနောက်မှာ lovely ဆိုတဲ့ (Adverb ကြိယာဝိသေသန) နဲ့အထူးပြုလိုက်ရင် She smiles lovely = သူမ ချစ်စရာကောင်းစွာ ပြုံးသည်...... ဖြစ်သွားပါတယ်။အခြားဥပမာတွေလည်း ကြည့်လိုက်ပါအုံး။
I go quickly ကျွန်တော် လျင်မြန်စွာသွားသည်။ (go က Verb) (quickly က Adverb)
They see clearly သူတို့ရှင်းလင်းစွာ မြင်ရသည်။ (see က Verb ) (clearly က Adverb)
She speaks sadly သူမ ဝမ်းနည်းစွာ ပြောသည်။ (speaks က Verb ) (sadly က Adverb)
ကြိယာဝိသေသနဟာ မြန်မာလို *စွာ* လို့အဓိပ္ပါယ်ရပါတယ်။အင်္ဂလိပ်စာလုံး ly နဲ့ဆုံးပါတယ်။ ကြိယာဝိသေသနဟာ ကြိယာရဲ ့အနောက်ဖက်ကနေ နေပြီး ကြိယာကို အထူးပြုပါတယ်။ကြိယာဝိသေသနနဲ ့ပတ်သက်ပြီး ဒီ ၃ ချက်ကိုမှတ်ထားရင် ရပါပြီ။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
Adjective ဆိုရင် (သော)
Verb ဆိုရင် (သည်)
Adverb ဆိုရင် (စွာ lyနဲ့ဆုံး)............... ဖြစ်ပါတယ်။မှတ်ထားလိုက်ပါ။
✔️✔️✔️ PREPOSITION ✔️✔️✔️
အချိန် နေရာ တို့ကိုဖော်ပြပြီး နာမ်နဲ့နာမ်စားတို့ရဲ ့ ရှေ ့၊ ကြိယာရဲ ့နောက်မှာနေတတ်တဲ့ စကားလုံးဟာ ဝိဘတ်ပါ။အခုတော့ ဝိဘတ်ကို အချိန်နဲ့နေရာကို ဖော်ပြတဲ့စကားလုံး လို့ပဲ အလွယ်မှတ်ထားရင်ရပါပြီ။
I live near the train station. ကျွန်တော် ရထားဘူတာရုံ အနီးတွင်နေသည်။ (NEAR အနီးတွင်) က ဝိဘတ်ပါ။
Ko Ko is at school. ကိုကိုဟာ ကျောင်းမှာပါ။ (AT မှာ) က ဝိဘတ်ပါ။
I am writing on the table. ကျွန်တော် စားပွဲပေါ်မှာ စာရေးနေတယ်။ (ON အပေါ်မှာ) က ဝိဘတ်ပါ။
I always get up at 7 o clock. ကျွန်တော် အမြဲ ၇ နာရီမှာ ထတယ်။ (AT မှာ) က ဝိဘတ်ပါ။
ဝိဘတ်စာလုံးတွေကတော့ at,in,up,down,on,before,after,by,of,for,with,from,to outside,under,beside,between........စတဲ့ အချိန်နဲ့နေရာပြတဲ့ စာလုံးလေးတွေပဲ ဖြစ်ပါတယ်။
ဝိဘတ်ကို အချိန်နဲ့နေရာကို ဖော်ပြတဲ့စကားလုံးတွေ လို့ပဲ အလွယ်မှတ်ထားလိုက်ရင် ရပါပြီ။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
✔️✔️✔️ CONJUNCTION စကားဆက်(သမ္မန္ဓ) ✔️✔️✔️
*ပုဒ်အချင်းကိုဖြစ်စေ ၊ ဝါကျအချင်းချင်းကိုဖြစ်စေ ၊ အဓိပ္ပါယ်အချင်းချင်းကိုဖြစ်စေ ဆက်စပ်ပေးတဲ့စကားလုံးဟာ စကားဆက်လို့ခေါ်တဲ့( သမ္မန္ဓ )ပါ။* and,or,but,because,if,for,not only but also,until,before,after............စတဲ့ စကားလုံးတွေဟာ စကားဆက်တွေပါ။ဥပမာ ကြည့်ပါ။
Coffee or tea = ကော်ဖီ သို့မဟုတ် လက်ဖက်ရည်
(OR သို့မဟုတ်) က စကားဆက်ပါ။
Ko Ko and Ma Ma = ကိုကိုနှင့်မမ
(AND နှင့်) က စကားဆက်ပါ။
I like football but i don't like golf.ဘောလုံးကြိုက်တယ်။ဒါပေမယ့် ဂေါက်သီး မကြိုက်ဘူး။
(BUT ဒါပေမယ့်) က စကားဆက်ပါ။
ဒီလောက်ဆို စကားဆက်လို့ခေါ်တဲ့( သမ္မန္ဓ )အကြောင်း သိသွားပါပြီ။
💡 💡 💡💡💡💡💡💡💡💡💡💡💡
✔️✔️✔️ INTERJECTION အာမေဋိတ် ✔️✔️✔️
အံ့သြလို့ဖြစ်စေ ၊ ဝမ်းသာလို့ဖြစ်စေ ၊ ဝမ်းနည်းလို့ဖြစ်စေ ၊ ကြောက်လို့ဖြစ်စေ ၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပါးစပ်ကနေ ရုတ်တရက် ထွက်ပေါ်လာတဲ့အသံကို အာမေဋိတ်လို့ခေါ်ပါတယ်။
Wow = ဝေါင်း
Ha Ha = ဟဟ
Oh my God = အိုး ဘုရား
Hey = ဟေး
Aww = ဪ
................စသဖြင့် တွေဟာ အာမေဋိတ် တွေပဲဖြစ်ပါတယ်။
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
✔️✔️✔️ DETERMINER ထဲမှာ Article a,an,the ပါတယ်။✔️✔️✔️
Determiner ဆိုတာက နာမ်ကို အထူးပြုတဲ့ (နာမဝိသေသန Adjective) ပုံစံပါပဲ။နာမ်ကို အထူးပြုပြီး အဲဒီအထူးပြုတဲ့ စာလုံးမှာ ဒီဂရီသုံးမျိုးရှိနေရင်(နာမဝိသေသန Adjective) ပါ။
ဥပမာ။ ။ (new book စာအုပ်အသစ်) ဆိုရင် bookဖြစ်တဲ့ နာမ်ကို new က အထူးပြုထားပါတယ်။အဲဒီအထူးပြုထားတဲ့ adjective ဖြစ်တဲ့ new မှာ ဒီဂရီသုံးမျိုးရှိနေပါတယ်။ new...newer...newest သစ်သော...ပိုရ်ျသစ်သော...အသစ်ဆုံး ဆိုပြီးတော့ပေါ့။ဒါဆို အဲဒီ new က (adjectiveနာမဝိသေသန) အစစ်ပါ။
နာမ်ကိုအထူးပြုပြီး အဲဒီအထူးပြုတဲ့ စာလုံးမှာ ဒီဂရီသုံးမျိုးရှိမနေရင် (Determiner) ပါ။
ဥပမာ။ ။ (a book စာအုပ်တစ်အုပ်) ဆိုရင် bookဖြစ်တဲ့ နာမ်ကို a က အထူးပြုထားပါတယ်။အဲဒီအထူးပြုထားတဲ့ adjective ဖြစ်တဲ့ a မှာ ဒီဂရီသုံးမျိုး မရှိပါဘူး။အဲဒါဆို a က Determiner ပါ။
သဘောပေါက်ပါတယ်နော်???လွယ်လွယ်လေးပါ။ပြန်ပြောပြမယ်နော်။နာမ်ကို အထူးပြုပြီး အဲဒီအထူးပြုတဲ့ စာလုံးမှာ ဒီဂရီသုံးမျိုးရှိနေရင်(နာမဝိသေသန Adjective)ဖြစ်ပြီး အထူးပြုတဲ့စာလုံးမှာ ဒီဂရီသုံးမျိုးရှိမနေရင် (Determinerထဲက article a,an,the)ဖြစ်ပါတယ်။
အဲဒီDeterminer ထဲမှာ a,an,the လို့ခေါ်တဲ့ (Article ပစ္စည်း) အပါအဝင် demonstrative,interrogative,possessive,quantifiers စတဲ့ determiner တွေ ရှိပါတယ်။အားလုံးပေါင်း ၅ မျိုးပေါ့။အခုအခြေခံအဆင့်မှတ်ဖို့အတွက်ကတော့ a,an,the လို့ခေါ်တဲ့ (Article ပစ္စည်း) တစ်မျိုးတည်းကို မှတ်ထားရပါမယ်။
ကဲ အခုဆို အင်္ဂလိပ်စာရဲ ့အရေးကြီးဆုံး အခြေခံ ဝါစင်္ဂ ၉မျိုး(9 Parts of Speech) အကြောင်း ပြီးသွားပါပြီ။ဘာမှ မခက်ခဲပါဘူး။အခု ရှင်းပြထားတဲ့ ဒီ ဝါစင်္ဂ ၉မျိုးကို သူတစ်ပါးကို ပြန်ရှင်းပြနိုင်တဲ့အထိ ကျက်မှတ်လေ့လာပါ။ဒါပြီးရင်တော့ နောက်တစ်ဆင့် ထပ်တက်လို့ရပါပြီ။
Comments
Post a Comment